.feed-links, .blog-feeds { display: none; } #navbar-iframe{height:0px;visibility:hidden;display: none !important}
သင်သိပြီးခါ ကျန်တယောက်အား လက်ဆင့်ကန်းသော် ဆင့်ကာ.ဆင့်ကာသိစေလို၏. logo design
widget

Popular Posts

Wednesday, March 2, 2011

မြန်မာဘောလုံးအဖွဲ့ချုပ်မှ website လွှင့်တင်

မြန်မာဘောလုံးအဖွဲ့ချုပ်မှ မြန်မာ့ဘောလုံးရေးရာ၊ မြန်မာ နေရှင်နယ်လိဂ် (MNL) ၊ မြန်မာ့ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှုးကျင်းပသော ပြိုင်ပွဲများကို အပြည့်အဝသိရှိနိုင်မည့် www.themff.org အမည်ရ website အားလွှတ်တင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါWebsite အတွင်း ပြည်တွင်း ဘောလုံးကိုစိတ်ဝင်စားသူများသာမက ပြည်ပသို့သွားရောက်ယှဉ်ပြိုင်လျှက်ရှိသော မြန်မာဘောလုံးအသင်းများအကြောင်းအား စိတ်ဝင်စားသူများအနေဖြင့် 0x158င်းတို့၏သတင်းများကို စုံလင်စွာသိရှိနိုင်ပါတယ်။ ထို့အပြင် မြန်မာနေရှင်နယ်လိဂ် (MNL) ပွဲစဉ်ဇယားများ၊ အင်တာဗျူးများ၊ အသင်းရပ်တည်နေမှုဇယားများကို အစုံအလင်သိရှိသွားမှာ ဖြစ်ကြောင်းသိရပါတယ်။

ထို့အပြင် နိုင်ငံတကာသတင်းတွင်လည်း မြန်မာနိုင်ငံမှ သွားရောက်ယှဉ်ပြိုင်မည့် ဘောလုံးအသင်းများ၏ သတင်းများ၊ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ နိုင်ငံတကာပွဲစဉ်များ၊ အိုလံပစ် ပြိုင်ပွဲများအကြောင်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ဆွေးနွေးပွဲများ၏ သတင်းများကိုလည်း ပြည့်စုံစွာ ဖော်ပြထားလျှက်ရှိပါတယ်။

မြန်မာဘောလုံးအဖွဲ့အချုပ်မှ မူလတွင် www.myanmarfootball.org အမည်ဖြင့် website လွှင့်တင်ထားခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် (MNL) ၏သတင်းများကိုလည်း www.myanmarnationalleague.com ဟူသော အမည်ဖြင့် လွှင့်တင်ခဲ့ပါတယ်။

သို့အတွက် ယခုတွင် အဆိုပါ သတင်းများကို တပေါင်းတစည်းတည်း ကြည့်ရှုသိရှိနိုင်မည့် website ဖြစ်သော www.themmf.org ကိုလွှင့်တင်လိုက်ခြင်းကြောင့် မြန်မာ့ဘောလုံးအား စိတ်ဝင်စားသော လူကြီး၊ လူငယ်များအနေဖြင့် အဆင်ပြေစွာ ကြည့်ရှုသွားနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.