.feed-links, .blog-feeds { display: none; } #navbar-iframe{height:0px;visibility:hidden;display: none !important}
သင်သိပြီးခါ ကျန်တယောက်အား လက်ဆင့်ကန်းသော် ဆင့်ကာ.ဆင့်ကာသိစေလို၏. logo design
widget

Popular Posts

Tuesday, March 22, 2011

online ကနေ..အဝေးက pc ကိုပြင်ပေးကြရအောင်လေ..

  •         
downloads linkအဆင့်ဆင့်လုပ်ဆောင်ပေးလိုက်ပါ....ထိုနောက်...ပုံလေးအတိုင်းမြင်ရပါလိမ့်မယ်..   
parner ID ဆိုတဲ့နေရာလေးမှာ ကိုယ်လုပ်ပေးမဲ့တဖတ်လူရဲ့ Teamviewer ထဲကရလာတဲ့ your ID နံပါတ်ကိုတောင်းပြီး ရိုက်လိုက်ပါ...iD အောက်နားလေးမှာပါတဲ့ အကြောင်အရာလေ3းခုကို..ကိုလုပ်မဲ့တခုကိုရွေးလိုက်ပါ....password ကိုလဲထိုနည်းအတိုင်းတဖတ်လူရဲ့ teamviewer မှာပေါ်တဲ့ password ကိုရေးရမှာပါ...စမ်းကြည့်ရအောင်လား...


သင့်စကားလေးတခွန်းဖြင့် ပျော်ရွှင်စေ၏...



ဒါလေးကတော့..အင်တာနက်လိုင်းကို မြန်တာထက်မြန်စေရမည်။

သုံးတာကတော့လွယ်ပါတယ်......zip ဖိုင်ကိုဖျီလိုက်ပါ....86bit ကို click နှစ်ချက်နှိပ်လိုက်ပါ..
ပြီးရင် cfosspeed-v650 ကိုနှိပ်လိုက်ပါ....ဆက်ပြီး next ကိုနှိပ်ပါ....ပြီးရင် i agree ကိုအမှန်ချစ်လေးပေးလိုက်ပါ....next ထပ်နှိပ်ပါ...နောက်ထက် next ထက်နှိပ်ပါ...ပြီးရင်မိမိသုံးနေသော cont ရဲံ့အမျိုးစားကိုဖော်ပြပေးပါလိမ့်မယ်...အောက်က Disconnect ဆိုတာလေးကို နှိပ်ပေးလိုက်ပါ...finish လုပ်ပြီး cont ပြန်လုပ်လိုက်ရင်ရပါပြီး......မြန်လာကြောင်းကို အောက်ကဒေါင်းကလေးမှာ အမြန်နှုန်းပြဇယာ.လေးကိုသာကြည့်ရင်း ကြေနပ်ကျပါစေ။  

သူငယ်ချင်းရေဒီမှာကုးလိုက်နော်

Tuesday, March 8, 2011

Window 7 မြန်မာဖောင့်အဆင်မပြေသေးသူများအတွက်...

Window 7 အတွက် Zawgyi


Window 7 သုံးပြီး ဇော်ဂျီဖောင့် သုံးမရလို့ မေးမေးလာတဲ့ စာဖတ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ယခု ဖော်ပြပေးတဲ့ ဇော်ဂျီဖောင့် Installer ကို အသုံးပြုကြည့်ပါ။ ဒီဖောင့်က Window 7 မှာ အဆင်ပြေတယ် ပြောပါတယ်။ သုံးကြည့်ပါ။ မိမိအနေနဲ့တော့ မစမ်းထားတဲ့အတွက် မသိပါ။ Window XP ကို အသုံးပြုနေတဲ့အတွက်ကြောင့်ပါ။ ဒီတွင် Dwnloadလုပ်ယူပါ။
Download link;http://sites.google.com/site/bloggerzin/Zawgyi_Keyboard.rar?attredi...

သင့် computar ကိုကောင်းတထက်ကောင်းချင်ရင်ဒေါ့...ဒေါင်းပါ...ဒေါင်းမပါရင်...ခိုပါလိုက်နော့်

ကွန်ပျူတာ သုံးစွဲသူတိုင်း မိမိတို့ရဲ့ စက်ကောင်းမွန် မြန်ဆန်ရေးကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင် နေကြရပါတယ်။ ဒီလို လုပ်ဆောင်ရာမှာလဲ ဆော့ဝဲလ်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ စမ်းသပ်လုပ်ဆောင် နေကြပါတယ်။ အဆင်ပြေပြီး ကောင်းမွန် လွယ်ကူတဲ့ Free Software လေးတစ်ခု ဖော်ပြချင်ပါတယ်။ ဒီဆော့ဝဲ လေးက သင့်ကွန်ပျူတာရဲ့ ရောဂါတွေကို သူကိုယ်တိုင်ရှာဖွေတယ် ၊ပြီးတော့သူကိုယ်တိုင်ပဲ ရှင်းပေးတယ်။ သင့်ပြဿနာတွေ အခက်အခဲတွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေပေးမှာပါ ။
ကာကွယ်ခြင်းမဟုတ်ပဲ ကျရောက်နေတဲ့ ရောဂါတွေကို ရှင်းရှင်းပျောက်အောင် ကုသပေးတဲ့ software လေးပါ
Advanced System Care Software လေးက Window System ကို ထိန်းသိမ်းဖို့ ကောင်းမွန်လှပါတယ်။ ပိုက်ဆံ မကုန် အဆင်ပြေစေပါတယ်။ Window ကို ပြုပြင်မလား၊ System ရဲ့ ချို့ယွင်းချက်တွေကို လုပ်ဆောင်ပေးတဲ့အပြင် spyware removal, registry fix, privacy, disk defragment, security analyzer စတာတွေကိုလည်း Scan လုပ်ပြီး ဖြေရှင်းပေးပါတယ်။

ဒါ့အပြင် Utilities မှာ Disk Cleaner, Disk Doctor, File Shredder, Game Booster, Internet Booster .... စသဖြင့် များစွာ ပါဝင်ပါတယ်။ Auto Shutdown, Cloned Files Finder ... များစွာ ပါဝင်ပါတယ်။ စက်တိုင်းမှာ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။ 
အောက်ပါအတိုင်းပြုလုပ်လိုက်ပါ
၁။ ဆော့ဝဲကိုဒေါင်းလိုက်ပါ ပြီးရင် install လုပ်လိုက်ပါ။
၂။ Advanced system care ဆိုတဲ့ Icon လေးကိုဖွင့်လိုက်ပါ။
၃။ပုံထဲမှာပါတဲ့ care ဆိုတဲ့ start အဝိုင်းလေးကို နှိပ်လိုက်ပါ
သူဘာသာသူ လုပ်စရာရှိတာတွေ အကုန်လုပ်သွားပါလိမ့်မယ်
ပြီးရင် ဖိုင်ကို ပိတ်လိုက်ပါ။ အချိန်ရရင်တော့ နှစ်ကြိမ်လောက် လုပ်ရင်ပိုကောင်းပါတယ်
သင့်ရဲ့ကွန်ပျူတာအတွက် စိတ်ချသွားရပါပြီ  ...... သင်လည်း ခေါင်းပူစရာမရှိတော့ဘူးပေါ့

window 7 အတွက် movie maker softwar

ဒီ Windows Movie Maker software က Photos & Video Clips တွေကို Create & Edit လုပ်နိုင်တဲ့ Software တစ်ခုပါ။ Professional အတွက်ဆိုရင်တော့ ဒီထက်ကောင်းတဲ့ Software တွေ အများကြီးရှိပါတယ်။ Windows XP & Vista users တွေအတွက်ကတော့ Auto Install ထားပြီးဖြစ်လို့ စက်ထဲမှာ အသင့်ပါပြီးဖြစ်ပါတယ်။
ဒါပေမယ့် Windows 7 users တွေကတော့ Windows Movie Maker ကို စက်ထဲမှာ တွေ့ရမှာ မဟုတ်ပါဘူး။ ဒီ့အတွက် Microsoft က New version အနေနဲ့ Windows Movie Maker software ကို Windows Vista & 7 users များအတွက်ဆိုပြီး ထုတ်ထားပါတယ်။ Windows 7 users များ အောက်မှာ ပေးထားတဲ့ လင့်ခ်ကို သွားပြီး New Movie Maker software ကို Download ချနိုင်ပါတယ်။ ပြီးရင်တော့ ဒီ Windows Movie Maker software နဲ့ Movie-making, Improved editing, Slide show creation နဲ့ web publishing တွေအတွက် အသုံးပြုနိုင်ပါပြီ။
{ Only for Windows Vista & 7 users (not for XP users) }

Download Movie Maker

Flash button ပြုလုပ်နည်း

software မရှိသူတွေက ဒီမှာ နှိပ်ပြီးဒေါင်းပါ
DOWNLOAD

swf easy ကိုဖွင့်လိုက်ပြီး အောက်ကပုံမှာလမ်းညွန်းထားတဲ့ အတိုင်းလေး လုပ်ပါ
အဆင် ၁


........................................................................................................................
အဆင့်၂



........................................................................................................................
အဆင့်၃



........................................................................................................................
အဆင့် ၎

........................................................................................................................
အဆင့် ၅





........................................................................................................................
အဆင့် ၆




........................................................................................................................
အဆင့်၇

ဒေါင်းလော့တွေ..မြန်ချင်ရင်ဒါသုံး...ငါလဲ ဒါပဲသုံးတယ်

ကောင်းရင် တိတ်စိတ်..မကောင်းရင်....ငါ့ထိပ်ပေါ့နော့်...


Internet.Download.Manager 5.15.1.0.zip, 3 MB

ဘက်စုံ..ဆိုဒ်စုံ..လေးနော်

BBC အသံ             နံနက်ပိုင်း            ညနေပိုင်း
ကဏ္ဍစုံ (အချိန်နှင့်တပြေးညီ)

မဇ္ဈိမ သတင်းများ

U WIN TIN on YouTube

MIN KO NAING on YouTube

KEEPERS OF CONSCIENCE (Letter from Burma)2011, February

၁၉၄၇ ခုနှစ် ပင်လုံစာချုပ် (မြန်မာဘာသာ)

ဗိုလ်ချူပ်အောင်ဆန်းလမ်းစဉ်

ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ် (ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုတေး)


အာဏာရှင်ကို တိုက်နိုင်ရန် ပြည်သူကို စစ်အရာရှိများက စစ်သင်တန်းပေး

ကုလ လူ့အခွင့်အရေးကောင်စီမှ လစ်ဗျားကို ထုတ်ပယ်

မြန်မာ့ လူ့အခွင့်အရေး အခြေအနေ ကင်တားနား မကြာမီ အစီရင်ခံမည်

မန္တလေး ကွန်ရက်အဖွဲ့များ ချိတ်ဆက်ကာ နွေရာသီပညာဒါန သင်တန်းဖွင့်

ယာဉ်စစ်ဆေးစဉ် ခရီးသည်အချို့ အကြမ်းဖက် ဖမ်းဆီးခံရ

အကျဉ်းကျ ရွှေဝါရောင်သံဃာတော်များ ကိုယ်စိတ်နှစ်ပါး ညှဉ်းဆဲခံနေကြရ

နွေ သောက်သုံးရေ ဖူလုံရေး အဲန်အယ်လ်ဒီ ပြင်ဆင်

အမေရိကန်ရောက် မြန်မာများက နိုင်ငံရေးအကျဉ်းသား ၂၀၀ ကို လစဉ်ကူညီမည်

ရန်ကုန်နဲ့ နယ်မြို့တချို့ စက်သုံးဆီ ဈေးတက်

ဆန်တင်ပို့မှု ယာယီရပ်ဆိုင်း

တာချီလိတ် - ကျိုင်းတုံလမ်း ယခင်ကထက် ဂိတ်ကြေး ပိုမိုကောက်ခံ

ကချင်ပြည်နယ် ဒေသအချို့တွင် စစ်အစိုးရက တပ်အင်အား တိုးမြှင့်လာ

မြန်မာ အမျိုးသမီးတဦး အဓမ္မကျင့် သတ်ဖြတ်ခံရ

အပူ မများ၊ မိုးကောင်းမည်ဟု ဦးထွန်းလွင် ခန့်မှန်း

မန္တလေး ဓာတ်ဆီဈေး ကျပ် ၁၅ဝဝ တက်

ရွှေဆက်စပ်သတ္တု ရုရှားကုမ္ပဏီ တူးခွင့်ရ

လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်က လစ်ဗျား ရပ်ဆိုင်းခံရ

လစ်ဗျားအနောက်ပိုင်း တပ်ကို ခုခံတိုက်

နိုဘယ်လ် ငြိမ်းချမ်းရေးဆု အဆိုပြုခံရသူ စံချိန်တင်အောင်များ

မြန်မာစာလုံးရယူရန်

   zawgyi           bit (RFA)     myanmar1 (BBC)     အခြားမြန်မာဖောင့်များ

zaw-gyi font ကို i pod & i phone နဲ့သုံးကြရအောင်..

ကျွန်တော့ထက်တော်တဲ့ သူများ ကြိုတင်တောင်းပန်အပ်သည်။
iphone နှင့် ipod ထဲကို zawgyi font သွင်းရင် အလွယ်ဆုံးနည်းလေးဖြစ်ပါသည်။
စက်ထဲတွင် cydia ဆိုတဲ့ program ရှိရပါမည်။ ထို program ကိုဖွင့်လိုက်ပါ.ပြီးရင် အောက်မှာရှိတဲ့ teskbar တွင် manage ကိုဝင်ပါပြီးနောက် sources ကိုထပ်ဝင်ပါ ထို့နောက် အပေါ်ထောင့် နားတွင် Edit ကိုနိပ်ပါ ပြီးနောက် add ကိုထပ်နိပ်ပါ ထိုင်တွင့် Http:// ကွက်လပ်လေးပေါ်လာပါမည် ထိုကွက်လပ်တွင် http://www.cydia.macforus.com ထည့်ပြီး add ကိုနိပ်ပါ ထို့နောက် အပေါ်တွင်ရှိမည့် done ကိုနိပ်ပါ.ထိုအခါ sources ထဲတွင် cydia.macforus ဆိုတဲ့ program adder လေးတစ်ခုပေါ်လာပါလိမ်မည် အဲ့ဒီ့အထဲကို ဝင်လိုက်ပါက zawgyi keyboard နှင့် zawgyi font ၂ နှစ်ခု သို့ ၄ ခုပေါ်လာပါမည်.ဘယ်လိုဘဲပေါ်စေကာမူ zawgyi keyboard နှင့် zawgyi font နှစ်ခုပဲ သွင်းရပါမည် ပထမ zawgyi font ကိုအရင် install လုပ်ပါ ပြီးနောက် back ပြန်လာပြီး zawgyi keyboard ကိုထပ် install လုပ်ပါ ထို့နောက် springboard
လုပ်လိုက်ပါ.ဤတွင် ဇော်ဂျီ font သွင်းလို့ပြီးပါပြီ ခင်ဗျာ. ထို့နောက် lauguage ထဲရှိ ikeyboard ထဲတွင်ပြင်ဆင်၍ဇော်ဂျီ font ကိုစတင်သုံးစွဲနိုင်ပါပြီခင်ဗျားးးးး

သိသမျှ..မှတ်သမှ ကူးသာချ...မြန်မာကမ္ဘာ သတင်းပဒေသာ/ဆောင်းပါးများ

http://bamakyel.wordpress.com/ (ဗမာ့ကြယ်စာအုပ်စင်)ဖိုင် ၅၅၀ တင်ထားပါသည်
ကဏ္ဍစုံ (အချိန်နှင့်တပြေးညီ)
Recent Burmese News – 110302
Please sign up

http://www.avaaz.org/en/jail_the_generals/?cl=293661704&v=3762

 

U.S. moves warships near Libya

Gadhafi's son: Libyans have not been bombed

On the ground in Libya during protest

Burma allocates 1/4 of new budget to military

Thai cop gets six years in sex-for-freedom case

New budget for Myanmar gives nearly 24 per cent to defence, 1.3 per cent to health

Burmas civil servants expect 380 percent salary hike - Wai Moe

Myanmars young artists and activists - Joshua Hammer

The people of the Mae Sot dump site

Junta army continues reinforcing troops in anti-Border Guard Force Program territories - Hseng Khio Fah

Maday Island deep-sea port no boon to locals - Khin Oo Thar

Petrol prices straining consumers in Burma - Te Te

Revolution U - Tina Rosenberg

Suu Kyi strikes a chord - Luke Hunt

Myanmar, North Korea in missile nexus - Bertil Lintner

Explosive device wounds eight in Myanmar

Karen petition urges UN to take action against junta - Ko Wild

Chin state abuses are the tip of the iceberg – Richard Sollom

Call to build up local NGOs

Tigers, Burmese pythons rescued in Manila fire

EU Official to Visit Thailand, Discuss Burmese Refugee Camps

ဗီဒီယို..ဖိုင်တွေဖျက်မယ်..ညှက်မယ်..လက်ဆော့ချင်သူများအတွက်..လာပြီ နော် လာပြ.ီ

Xilisoft Video Editor 2.0.1.0111 Portable 

ဗီဒီယိုဖိုင်တွေကို ဖြတ်တောက်ချင်သူများ ဆက်ချင်သူများ ညှပ်ချင်သူများအတွက် ဆော့ဝဲလေးပါ။
portable လေးပါ။
ဒေါင်းရန်
 ၁ ကူးရင်ဒီမှာ
downloads
download link

sony ericsson ဖုန်းပိုင်ရှင်တွေအတွက်ပါ

 
ဒါကတော့ Sony Ericsson PC Suite နော် လိုရင်တော့ယူထားလိုက်ပါ Sony Ericsson မိုဘိုင် သုံးသူတွေအတွက် အဆင်ပြေပါတယ် မရှိသေးသူတွေအတွက် တင်ပေးလိုက်ပါတယ် အသုံးတည့်မယ်လို့ထင်ပါတယ် လိုချင်ရင်အောက်မှာ ဒေါင်းယူလိုက်ပါ။ 17.59 mb


Download ifile.it | Download mediafire

လှပသော..Web Design ဖြစ်ဖို့ရာ..

Web Design တစ်ခုကို Table Less Design ဆွဲတတ်မယ်.. Animation တွေကို Flash အစား Jquery အသုံးပြုပြီးသုံးတတ်မယ်ဆိုရင် Professional Web designer တစ်ယောက်အနေနဲ့ စတင်ရပ်တည်နိုင်ပြီလို့သတ်မှတ်  လို့ရပါတယ်..

Table Less Design ဆိုတာကို အောက်မှာ ထပ်ရှင်းပြပေးပါ့မယ်.. တကယ်တော့ Web designer တစ်ယောက်ဖြစ်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး… ကိုယ်ရေးတဲ့ ဒီဇိုင်းက သုံးတဲ့လူတွေနဲ့အဆင်ပြေ မလား (Usability)  လူတိုင်းကော ကိုယ်ရေးတဲ့ ဆိုဒ်ကိုကြည့်လို့ရပါ့မလားဆိုတာ
တွေ(Accessibility) ကို တွေးရပါမယ်.. နောက်ပြီး အများသိတဲ့အတိုင်း အရောင်စပ်ပုံစပ်နည်းကလဲ အရေးကြီးတဲ့အပိုင်းမှာပါပါတယ်..

 နောက် ခုခေတ်ပိုင်းမှာပေါ်လာတဲ့ Chrome / Opera အစရှိတဲ့ web browser တွေအမျိုးမျိုးမှာကော Compatiable ဖြစ်ရဲ့လား..ဒါတွေကို အားလုံးနဲ့ကိုက်ညီအောင် စဉ်းစားပြီးDesign ရေးဆွဲရမှာဖြစ်ပါတယ်..

ဥပမာ IE ကိုလူတွေအသုံးများတဲ့အတွက် Designer တွေဟာ IE နဲ့ဘဲ Test လုပ်ကြပါတယ်.. Firefox , (Chrome , Opera in Macintosh) တွေမှာကော ကြည့်လို့အဆင်ပြေရဲ့လားဆိုတာပါ ထည့်သွင့်စဉ်းစားပေးရမှာဖြစ်ပါတယ်.. Browser တခုမှာ ဒီဇိုင်းကတမျိုးစီဖြစ်မနေသင့်ပါဘူး.. အဲဒါကြောင့် Browser compatibility ဟာ ဒီဇိုင်နာတယောက်ရဲ့ အရေးကြီးတဲ့ အချက်အလက်ထဲက တခုအပါအ၀င်ဖြစ်ပါတယ်..

အဲဒိအတိုင်းပဲ  Accessibility ဟာလဲ အလွန်အရေးကြီးပါတယ်..  Accessibiltiy ဆိုတာ ကိုယ် ၀က်ဘ်ဆိုဒ်ကို လူတွေလွယ်ကူစွာနဲ့ကြည့်လို့ရနိင်အောင် ဒီဇိုင်းရေးဆွဲခြင်းဖြစ်ပါတယ်..
 ဒီလိုဖြစ်ဖို့ဆို Clean Layout ဖြစ်ဖို့လည်းလိုအပ်ပါတယ်.. ကြည့်လိုက်တာနဲ့ ဘယ် Link ကိုနှိပ်ရင်ဘယ်ရောက်မယ်ဆိုတဲ့ ရှင်းလင်းနေတဲ့ လမ်းညွှန်မြေပုံတခုလို ဖြစ်နေရမှာပါ..
 ဒါမှလဲ ကိုယ့်ဝဘ်ဆိုဒ်ရဲ့ User တွေကို ကိုယ်ပေးချင်တဲ့ Information ကိုထိထိရောက်ရောက်ပေးနိုင်သလို.. user တယောက်အနေနဲ့လဲ သူလိုချင်တဲ့ information ကိုလွယ်လင့်တကူ ရှာတွေ့နိုင်မှာဖြစ်ပါတယ်..  ဒီဇိုင်းရေးဆွဲရာမှာ ဒီလိုမျိုးအဘက်ဘက်ကစဉ်းစားပြီးရေးဆွဲရမှာဖြစ်ပါတယ်..

ဒီလို Website ကို Accessibility Standard ဖြစ်ဖို့ The W3C (World Wide Web Consortium) က international Standard အဖြစ်  Web Accessibility Initiative (WAI) ဆိုပြီး level လိုက်ခွဲခြမ်းထားရှိပါသေးတယ်..အဲဒါတွေကို နောက်ထပ် web design အပိုင်း(၂)မှာ ထပ်ဖော်ပြပေးပါ့မယ်။ ဒါတွေကိုသိဖို့ဆိုရင် Persona /Wireframe စသည်တွေကို ကောင်းကောင်းအသုံးချပြီးစဉ်းစားရပါတယ်.. ထို့ပြင် ခုခေတ်မှာ Website Design ကို အရင်လို Table တွေသုံးပြီး မရေးသားကြတော့ပါဘူး ..

Website Design တစ်ခုလုံးကို CSS တစ်ခုတည်းအသုံးပြုပြီးရေးသားနေကြပါပြီ… မြန်မာပြည်မှာလည်း ဆိုဒ်တစ်ချို့က ဒီလိုနည်းနဲ့ရေးနေကြပါတယ်..
ပြီးတော့ ရေးနိုင်တဲ့လူအနည်းအကျဉ်းတော့ရှိကြပါတယ်..  ဒါပေမယ့် ဒီလိုမျိုးရေးတတ်အောင် Training ပေးတဲ့သင်တန်းမျိုးကိုတော့ မတွေ့မိသေးပါဘူး..

ဒီနေရာမှာ တကယ့် Professional Web designer နဲ့ သာမန် Web designer ကွာတာတွေ့ရပါလိမ့်မယ်… သာမန် Web design များစွာကို အချိန်တိုအတွင်းသင်ယူနိုင် ၊ ရေးဆွဲနိုင်ပေမယ့် ဒီ  Tabless ဒီဇိုင်းကကျတော့ အချိန်ပေးရပါတယ်.. နောက်ပြီး CSS ကို browser တမျိုးနဲ့တမျိုး သတ်မှာထားတာချင်းမတူလို့ browser အားလုံးနဲ့ အဆင်ပြေအောင် လုပ်ရတဲ့အပိုင်းမှာလည်း အချိန်ပေးရပါတယ်…

CSS ဆိုတာ Cascading style sheet လို့ခေါ်ပြီး  html ကို ဒီဇိုင်းလုပ်ပေးတဲ့အခါမှာသုံးပါတယ်..
Html file မှာ Content တွေကို အသေးစိတ် ဘယ်လို Format/Design လုပ်ရမယ်ဆိုတာတွေမပါတဲ့ အတွက်ကြောင့် WWW က CSS ကို တီထွင်ခဲ့ကြပါတယ်…
CSS ကို နောက်တစ်မျိုးအနေနဲ့ခေါ်နိုင်တာကတော့ html ဖိုင်ရဲ့အခွဲတစ်ခုအနေနဲ့လည်းယူဆနိုင်ပါတယ်…
HTML ဖိုင်တစ်ခုရဲ့ Content တွေကို ဘယ်လို အနေအထားတွေ၊ ပုံစံတွေထားမလဲ၊ စာလုံးအရွယ်တွေ အရောင်တွေပုံစံတွေ ဘယ်လိုထားမလဲဆိုတာတွေကို ရေးထားနိုင်ပါတယ်…
ဒါပေမယ့် သူ့မှာက html Content တွေမပါဘဲ ဒီ Content တွေကို ပုံစံအမျိုးမျိုးလုပ်ပေးနိင်မယ့် Tags တွေဘဲ ပါပါတယ်…

 CSS ရဲ့အားသာချက်တွေကတော့

Making changes to the layout

CSS က webpage တခုရဲ့ ဒီဇိုင်းကိုပြောင်းလဲဖို့ အရမ်းလွယ်ကူပါတယ်.. တကယ်လို့ page တခုမှာရှိတဲ့ ပုံတပုံကို Pageရဲ့ ညဘက် 10 pixle လောက်ရွေ့ချင်တယ်ဆိုပါဆို့.. ဒါပေမဲ့ အဲဒိpageမှာ css နဲ့
control မလုပ်ပဲ table တွေအသုံးပြုထားတယ်ဆိုရင် အဲလိုပြောင်းချင်တဲ့ page တိုင်းကိုဖွင့်ပြီး table ရဲ့ width ကို လိုက်ပြင်ပေးရပါလိမ့်မယ်..

တကယ်လို့သာ CSS နဲ့ control လုပ်ထားခဲ့မယ်၊ အသုံးပြုထားမယ်ဆိုရင်တော့ CSS တဖိုင်ကိုသာဖွင့်ပြီး ပြင်ရုံပါပဲ.. ဒါဆိုရင်တော့ ဆိုဒ်တခုလုံးမှာရှိတဲ့ ပြင်ချင်တဲ့နေရာမှန်သမျှ ကို CSS တဖိုင်ထဲမှာဖွင့်ပြီး
သက်ဆိုင်တဲ့နေရာမှာ ပြင်လိုက်ရုံနဲ့ ဆိုဒ်တခုလုံး အလိုလိုပြောင်းပြီးသားဖြစ်ပါလိမ့်မယ်..

CSS ဖိုင်တခုကိုပြောင်းလဲအသုံးပြုရုံနဲ့ ၀ဘ်ဆိုဒ်တခုလုံးရဲ့ ဒီဇိုင်းကိုပြောင်းလဲပြစ်လို့ရပါတယ်.. အဲဒါတွေကတော့ တကယ်ကြီးတဲ့ ၀ဘ်ဆိုဒ်တွေမှာ မရှိမဖြစ် အသုံးပြုသင့်ပါတယ်..

File Size

CSSရဲ့ အသုံးများတဲ့ feature ထဲမှာ

CSS ရဲ့ အသုံးအ၀င်ဆုံးအချက်တစ်ချက်ကတော့ html file ကနေ Style တွေ Layout တွေကို Format ထားတဲ့ Code တွေကို ဖယ်ထုတ်ပြီး သပ်သပ် ဖိုင်တစ်ဖိုင်ခွဲလိုက်နိုင်ခြင်းအားဖြင့် Html file size ဟာ
အများကြီး ငယ်သွားနိုင်ပါတယ်။နောက်ပြီး CSSကို user/visitor ရဲ့ browser တွေမှာ တကြိမ်တခါပဲဒေါင်းလုပ်လုပ်ရသလို မြန်မြန်ဆန်ဆန်လဲဒေါင်းလုပ်လုပ်လို့ရပါတယ်.. ထို့ပြင် ဒီဖိုင်ကိုပဲ တခြားစာမျက်နှာတွေမှာ
ပြန်လည်အသုံးပြုထားတဲ့အတွက် စာမျက်နှာတခါခေါ်တိုင်း အဲဒိcss ဖိုင်ကိုထပ်ခါတလဲလဲဒေါင်းနေစရာမလိုပါဘူး..အဲဒါကြောင့် server တခုရဲ့ bandwidth ကိုလျော့ချပေးနိုင်သလို website ရဲ့ performance
ကိုလဲမြန်စေတဲ့အတွက် users/visitors တွေကို စိတ်ချမ်းသာမှုပေးနိုင်မှာဖြစ်ပါတယ်။

Search Engines

ပုံမှန်အားဖြင့်တော့ search engine တွေက၀က်ဘ်ဆိုဒ်တစ်ခုလုံးက Content စာသားကနေ ပထမဆုံးအပိုဒ် စာသားတွေကို ပိုအရေးကြီးတယ်လို့သတ်မှတ်ပါတယ်..
ဒါကြောင့် search engine ကနေကိုယ့်ဝက်ဘ်ဆိုဒ်ကို ရှာတဲ့အခါမှာလည်း ကိုယ်ဆိုဒ်က Content စာသားတွေရဲ့ ပထမဆုံးစာသားတွေကို အရင်ဆုံး ဦးစားပေးရှာဖွေပါတယ်..

Search Engine များအတွက်တော့ Table များနဲ့ ဒီဇိုင်းဆင်ထားတဲ့ ၀က်ဆိုဒ်တွေရဲ့စာမျက်နှာများမှာ Link များရေးသားထားသော Navigation Bar ဟာပုံမှန်အားဖြင့် စာမျက်နှာရဲ့ပထမပိုင်း(ထိပ်ပိုင်း)မှာ စာမျက်နှာရဲ့ အကြောင်းအရာအဖြစ်ပါရှိနေပါလိမ့်မယ်..
ဒါကြောင့် Search Engine အနေနဲ့ စာမျက်နှာမှာပါတဲ့ အခြားသော ပိုပြီးအရေးပါတဲ့စာကိုယ်(BOdy Text) များကို နောက်မှရှာဖွေတွေ့ရှိနိုင်လို့ ကိုယ့်ဝက်ဆိုဒ်ဟာ တခြားသောဝက်ဆိုဒ်များထက် Search Engine Ranking မကောင်းတဲ့အကျိုးသက်ရောက်မှုရရှိနိုင်ပါတယ်..
CSS နဲ့ ဒီဇိုင်းဆင်ထားတဲ့ စာမျက်နှာတွေမှာတော့ ဒီ Link များပါရှိတဲ့ Navigation Bar ဟာ စာမျက်နှာရဲ့အောက်ဆုံးမှာရောက်ရှိသွားလို့ Search Engine များအနေနဲ့ စာမျက်နှာရဲ့ အဓိကစာသားများ၊ အကြောင်းအရာများကို အလွယ်တကူရှာဖွေတွေ့ရှိနိုင်ပါတယ်..

Accessibility

Html ရဲ့ content ကနေ style တစ်ခုကိုခွဲထုတ်လိုက်ခြင်းအားဖြင့် ၀ဘ်ဆိုဒ်ရဲ့content တွေကို ရှင်းလင်းစွာမြင်ရမယ်။ ပြီးတော့ ပြင်ဖို့လဲ လွယ်ကူတယ်..


နောက်တစ်ခုကတော့ Flash အစား Jquery ကို အစားထိုးအသုံးပြုလာကြပါတယ်.. Jquery ဟာ Light formatted ဖြစ်တဲ့အတွက်  Loading Speed ကို Flash သုံးတာထက်မြန်စေပါတယ်..
ထို့ပြင် Jquery ဟာ Plugin များစွာကို Support လုပ်ပေးပြီးဖြစ်တဲ့အတွက် အလွယ်တကူဘဲယူပြီးသုံးနိုင်ပါတယ်..

ဒီလို Professional Table less Design with CSS နဲ့ Jquery တွေတတ်မြောက်နိုင်ဖို့ Persona, Wireframe တွေကို အခြခံကျကျလေ့လာနိုင်ဖို့ကို သင်ကြားပေးဖို့ info knowledge house က အစီအစဉ်တစ်ခုကိုရေးဆွဲထားပါတယ်..

စိတ်ပါဝင်စားသူများ 09 73075641၊ 09 5065513 (သို့မဟုတ်) info@infoknowledgehouse.com သို့ အသေးစိတ်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ယောကျာ်း၊ မိန်းမနဲ့ အိမ်ထောင်သည်

သာဓု - “အိမ်ထောင်ဆိုတာဘာလဲ”
ပါပု - “အိမ်ထောင်ဆိုတာ အ၀ိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။ အထဲရောက်နေတဲ့ လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့ အားခဲနေကြတယ်”

သာဓု - “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဉာဏ် ပိုလာသလား”
ပါပု - “ဆင်ခြင်ဉာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”

သာဓု - “လူပျိုနဲ့ လူအို ဘာကွာသလဲ”
ပါပု - “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်”



သာဓု - “မိန်းမဆိုတာဘာလဲ”
ပါပု - “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်”

သာဓု - “မယားငယ်ဆိုတာ ဘာလဲ”
ပါပု - “အိမ်ခန်းထဲမှာ ထားစရာ နေရာမရှိတဲ့ အဖိုးတန် ပရိဘောဂ”

သာ ဓု-  “မိန်းမတစ်ယောက်ထဲ ယူတဲ့စနစ်နဲ့ မိန်းမနှစ်ယောက် ယူတဲ့စနစ် ဘာကွာသလဲ”
ပါပု - “ဘာမှ အကွာဘူး၊ နှစ်ခုစလုံးမှာ မိန်းမတစ်ယောက် ပိုနေတယ်”

သာဓု - “မိုက်တွင်းနက်ပြီး မိန်းမနဲ့ ကွာရှင်းနိုင်သလား”
ပါပု - “မသိဘူး၊ ဒါပေမယ့် မိုက်တွင်းနက်ပြီး မိန်းမတွေကို တစ်ယောက်ပြီးတစ်ယောက် ကောက်ယူနိုင်တာတော့ အမှန်ပဲ”

သာဓု - “မိန်းမကိုဘာနဲ့ နှိုင်းလို့ ရမလဲ”
ပါပု - “စောင်နဲ့ ….၊ ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် ချမ်းတယ်”

သာဓု - “အလွန်အကျွံ သတိမေ့ခြင်းဆိုတာ ဘာလဲ”
ပါပု - “နယ်ကပြန်လာတဲ့ ယောက်ျားက ရွှေဆွဲကြိုးကို မယားကြီးကိုပေးပြီး ညစ်ပတ်နေတဲ့အ၀တ်အစားကို လျှော်ဖွတ်ဖို့ မယားငယ်ကိုပေးခြင်း”


သာဓု - “အကောင်းမြင်သမားဆိုတာ ဘယ်လိုလူမျိုးလဲ”
ပါပု - “အိမ်မှာ ဆေးပေါ့လိပ်တိုကို မြင်တဲ့အခါ မိန်းမလုပ်တဲ့သူ စီးကရက် ဖြတ်လိုက်ပြီလို့ ကောက်ချက်ချတဲ့ ယောက်ျား”


သာဓု - “ယောက်ျားနဲ့ မိန်းမ သူတို့ရဲ့ပါတနာတွေကို ဘာကြောင့်လဲသလဲ”
ပါပု - “အမျိုးမျိုးခံစားချင်တဲ့အခါ ယောက်ျားဟာ မိန်းမကိုလဲတယ်၊ အဲမိန်းမကတော့ ဘာမှမခံစားရတဲ့အခါမှာ ယောက်ျားကိုလဲတယ်”


သာဓု - “မိန်းမတစ်ယောက်ဟာ မိချောင်းနဲ့ အတူတူနေနိုင်သလား”
ပါပု - “မိချောင်းမှာ ပိုက်ဆံရှိရင်နေမှာပေါ့”


သာဓု - “ငွေသာ ပဓာနဆိုတာ အမှန်ပဲလား”
ပါပု - “မဟုတ်ဘူး၊ အဲဒီငွေရဲ့ အရေအတွက်ကသာ ပဓာန”


သာဓု - “ဘယ်အရာက မိန်းမတစ်ယောက်ကို အလှတိုးစေသလဲ”
ပါပု - “ယောက်ျားတစ်ယောက်ရဲ့ အစာအိမ်ထဲက ၀ီစကီနှစ်ခွက်”


သာဓု - “ယောက်ျားတစ်ယောက်ဟာ ဘယ်အချိန်မှာ အင်အားချိနဲ့တဲ့ သဘောကို ခံစားရသလဲ”
ပါပု - “မိန်းမချောတစ်ယောက်က ရှင်အင်မတန်တော်တဲ့ လူပါလားလို့ ချီးကျုးတဲ့အခါမှာ”


သာဓု - “ယောက်ျား ယူတဲ့မိန်းမတစ်ယောက်ရဲ့ လုပ်ရပ်ကိုဘယ်လို အကဲဖြတ်နိုင်သလဲ”
ပါပု - “ယောက်ျားအများကြီးရဲ့ အာရုံစိုက်မှုကို ခံရတဲ့ဘ၀ကို ယောက်ျားတစ်ယောက်ထဲရဲ့ အာရုံစိုက်မှုကိုခံရတဲ့ဘ၀နဲ့ လဲလိုက်ခြင်းပဲပေါ့”


သာဓု - “မိန်းမတစ်ယောက်ရဲ့ ချို့ယွင်းချက် မှန်သမျှကို သိအောင် ဘယ်လိုရမလဲ”
ပါပု - “သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းရှေ့မှာသူ့ကို ချီးမွမ်းကြည့်”


သာဓု - “မိန်းမဖြစ်တဲ့သူကို အံ့သြအောင် ဘာလုပ်ရမလဲ”
ပါပု - “သူ တစ်ချိန်လုံးပူဆာနေတဲ့ စိန်နားကပ်အစား လက်ကိုင်ပ၀ါတစ်ထည် ၀ယ်ပေးလိုက်”


သာဓု - “မိန်းမဟာ ဓားပြထက်ပိုကြောက်စရာ ကောင်းတယ်လို့ ပြောကြတယ်၊ ဘာကြောင့်လဲ”
ပါပု - “ဓားပြဟာ ပိုက်ဆံအိတ်ကိုပေးမလား၊ ဒါမှမဟုတ် ဘ၀ကို အဆုံးခံမလားလို့မေးတယ်၊
မိန်းမကတော့ နှစ်ခုစလုံးကို တောင်းတယ်”


သာဓု - “ခြောက်လုံးပြူး နဲ့ စက်သေနတ် ဘာကွာသလဲ”
ပါပု - “စကားပြောနေကြတဲ့အခါမှာ ယောက်ျားနဲ့မိန်းမ ကွာသလဲလိုပဲပေါ့”


သာဓု - “ဘီယာနဲ့မိန်းမ ဘာကွာသလဲ”
ပါပု - “ဘီယာက ခင်ဗျားဘယ်အချိန် အိမ်ပြန်မလဲဆိုတာ စိတ်မပူဘူး”

သာဓု - “ရုပ်ချော၊ ဉာဏ်ကောင်း၊ ဂရုစိုက်တတ်ပြီး ပိုက်ဆံလည်း ချမ်းသာတဲ့ ယောက်ျားကို ယူချင်ရင် ဖြစ်မလား”
ပါပု - “ဖြစ်ပါတယ် ဒါပေမယ့် လင်လေးခါယူရမယ်”

သာဓု - “ ဒါနဲ့ ခင်ဗျားရဲ့ ခွေးကို ဘာဖြစ်လို့ ငထုံကြီး”လို့ နာမည်ပေးရတာလဲ”
ပါပု - “လမ်းမှာ ဒီကောင့်ကို ငထုံကြီးခေါ်လိုက်ရင် ယောက်ျားတွေ အတော်များများ လှည့်ကြည့်ကြတာ အရသာရှိလွန်းလို့”

သာဓု - “ကိုယ့်မိန်းမနဲ့စကားများကြရာမှာ ကိုယ်က အနိုင်ရတယ်ဆိုရင် ဘာလုပ်ရမလဲ“
ပါပု - “ရှင်းရှင်းလေးပဲ သူ့ကို တောင်းပန်လိုက်”

သာဓု - “ဆင်းရဲတဲ့မိန်းကလေးကို ပျော်ရွင်အောင် လုပ်နိုင်သလား”
ပါပု - “လုပ်နိုင်တယ်၊ ဒါပေမယ့် ချမ်းသာတဲ့ မိန်းကလေးကို စိတ်ဆင်းရဲအောင်လုပ်တာ ပိုကောင်းတယ်”


သာဓု - “ပညာနဲ့ အသပြာ ဘယ်ဟာကို ယူသင့်သလဲ”
ပါပု - “ကိုယ့်ဆီမှာ မလုံလောက်တာကို ယူ”

မိန်းကလေးများအတွက်သတိပြုစရာ ကော်ဖီထုတ်

ကာမစိတ်ကို နှိုးဆွနိုင်သော ကော်ဖီမစ်များ ဈေးကွက်အတွင်း တရားမ၀င်လမ်းကြောင်းများမှတစ်ဆင့် တွင်ကျယ်စွာတင်သွင်းရောင်းချနေခြင်းကြောင့် လူငယ်များ အကြားအသုံးချမှု မှားယွင်းကာမလိုလားအပ်သော လူမှုရေးပြဿနာများဖြစ်လာနိုင်စရာရှိကြောင်း၊ ယင်းကဲ့သို့ဖြစ်လာနိုင်သည့် အခြေအနေများကိုတွေးဆ၍ မိဘများနှင့်ဆရာ၊ ဆရာမတချို့မှလည်း စိုးရိမ်ပူပန်လျက်ရှိကြောင်းသိရသည်။
ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။ အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင် ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေးခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသားထားသည်။
ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူကြကြောင်းတွေရှိရသည်။ူ
ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများသတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။
ကော်ဖီဧ။် ဈေးနှုန်းမှာလည်း အများဝယ်ယူသုံးစွဲ နိုင်သော အနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ ၀ယ်ယူမှုနှုန်းများလာကြောင်းသိရသည်။
ကော်ဖီ၏အာနိသင်မှာ သောက်ပြီးရင် စိတ်တွေလန်းဆန်းသွားမယ်၊ ကာမစိတ်နိုးကြားတာတွေဖြစ်မယ်၊ ကိုယ့်စိတ်ကိုကိုယ်မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည်ဖြစ်ကြောင်းသိရသည်။
နာမည်မှာ Men`s Coffee နှင့် အမျိုးသမီးများအတွက်ကို တရုတ်အမည်ဖြင့်ဖြစ်သည်။

ကဲဒီလောက်ဆို ပျိုမေတွေရော၊ ကိုကိုတွေရော ဗဟုသုတအနေနဲ့တော့တော်တော်သိသွားပြီထင်ပါတယ်
အားလုံးကို အစ်မ၊ ညီမတွေလိုသဘောထားလို့ပြောပြလိုက်တာပါ။

လေ့လာလိုသူများ အတွက် 
366.jpg 


392.jpg

(မတ်လ၈ရက်)နေ့တွင်ကျရောက်မည့်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ နေ့

 ***အမျိုးသမီးနေ့ကိုကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်***


လူသားတို့တွင်သူမတူအောင်စွမ်းဆောင်နိုင်တဲ့အရည်အချင်း
 ကိုယ်စီဖြင့်ရှိနေကြသည်။ထိုထဲမှ အရည်အချင်း ရှိပြီးယုံမက၊
အာဇာနည်ဟုပင် သတ်မှတ်နိုင်သူ ရှေးခေတ်က အမျိုးသမီးတစ်
 ယောက်အကြောင်းဝေမျှလိုက်ပါသည်။



 ***စာဆိုကျော် အနောက်နန်း မိဖုယားမြကလေး***

မွေးဖွားသည့်နှစ်။   သက္ကရာဇ် ၁၁ရ၁၊ သီတင်းကျွတ်လပြည့်ကျော်၂ရက်
အဖ  "မင်းပျံချီ" ဘွဲ့ခံမောင်ဦး  နှင့်  အမိ မယ်အိ တို့မှ ဖွားမြင်သည်။
   အဖ မှာ ဘိုးတော်မင်းတရားကြီးလက်ထက်က၊ မွန်လူမျိုးဖိုးထောရာ၏
သား သမိန်ထောရာဇာဘွဲ့ခံ ပုသိမ်မြို့ဝန်၏ယောက်ဖအရင်းေ၇ကင်းသား
ဇာတိမောင်ဦးဖြစ်သည်။  လှေတော်ပဲ့နင်းရာထူး ဖြင့်တာဝန်ထမ်းရင်း၊
ဟသာင်္တမြို့နယ်တ၀ိုက်မှ ခုံသမာဓိအရာ တင်မြောက်သည်ကို မင်းတရား
ကြီးကြားသိရာမှ  "မင်းပျံချီဘွဲ့" ချီးမြှောက်ခံခဲ့ရသည်။
    မမြကလေး၏ငယ်မည်မှာ မမြကြုတ်ဖြစ်သည်၊ ရုပ်ဆင်းရူပကာယနှင့်
အထူးပြည့်စုံသည်။ ဘကြီးတော်ဘုရားလက်ထက် တွင်   ညီတော်
သာယာဝတီမြို့စားမင်းသားသည် ပုသိမ်မြို့ကို စုန်ဆင်းရာ၌ မမြကြုတ်ကို
မြင်တွေ့ခဲ့ပြီး၊ ချစ်ခင်စုံမက်မိပြီးလျှင် သိမ်းပိုက်တော်မူလေသည်။
    အိမ်ရှေ့မိဘုရားအဖြစ် မြောက်အိမ်တော်တွင်ထားပြီးနောက် ၁၁၉၉
ခုနှစ်တွင် သာယာဝတီမင်းသားသည်၊ နောင်တော်၏အရိုက်အရာကိုခံယူ
သောအခါ  မမြကလေး ကို အနောက်နန်းမိဘုရား တင်မြှောက်၍ ၊
*သီရိမဟာသုရတနာစန္ဒာဒေ၀ီ* ဘွဲ့ပေးသနားတော်မူသည်။
   အနောက်နန်းမိဘုရားမဖြစ်မှီ၊ အိမ်ရှေ့မိဘုရားဘ၀တွင်၁၁၉၅ ခုနှစ်တွင်
စာဆိုလောကတွင် မယ်တော်ခြေရာနင်းမည့် သမီးတော်လိုင်ထိပ်ခေါင်တင်
ကိုဖွားမြင်ခဲ့သည်။
   မမြကလေး ငယ်စဉ်ကပင်၊ တေးကြီးဘွဲ့ကြီး၊ကဗျာလင်္ကာ၊ဧချင်း၊ ရတု၊ ရကန်
များကိုကြိုးစားအားထုတ်သင်ကြားလေ့လာခဲ့သောကြောင့် သီချင်းများကို
သံနေသံထားမှန်ကန်စွာဖြင့် စည်းဝါးကိုက် သီဆိုနိုင်သည်။ "ရှိစုံရွက်ကြာ"
ပတ်ပျိုး၊ " ပြာပြာညိုရောင်မိုင်းတလဲ့လဲ့"  ချီပတ်ပျိုး၊  "ဂန္တမာတောင်"
"လိုင်ချောင်ဂူနန်း" ချီပတ်ပျိုးများရေးသားဖွဲ့တော်ကာ မောင်တော်အားတမ်း
တနေဟန်ကို ကွင်းကွင်းကွက်ကွက်ပေါ်အောင် သီဆိုနိုင်သူဖြစ်သည်။
    အဖွဲ့အနွဲ့ များမှာလွန်စွာ နူးညံ့သိမ်မွေ့၍  ကြားရသူ နှင့် ဖတ်ရသူတို့မှာ
လွန်စွာ စိတ်နှလုံးထိခိုက်စေသည်၊ ဖွဲ့သမျှ စာ များမှာ မောင်တော် ရွှေဘို
မင်းသားကိုရည်စူးတမ်းတသည့်အဖွဲ့များက များလေသည်။ မောင်တော်
ကို ချစ်ခင်မြတ်နိုး လှလွန်း၍ေ၇ွှဘိုမင်း ပျင်းရိငြီးငွေ့သည့်အခါများ၌၊
ကိုယ်တိုင်တေးကဗျာများသီဆိုဖွဲ့နွဲ့ ဖြေဖျော်လေသည်။
    တခါသော် အနောက်နန်းမမြကလေးအား ရွှေဘိုမင်းတရားကြီးက
အမျက်တော်ရှ၍ အကျဉ်းချခံထားရစဉ် " ချစ်သမျှကို" ချီပတ်ပျိုး ရေး
သား ဆက်တော်သွင်းရာ ဘုရင်းမင်းမြတ်လည်း သနားတော်မူကာ၊
အကျဉ်းမှ လွှတ်လိုက်လေသည်။ လောကကြီးကိုငြီးငွေ့မိ၍ မမြကလေး
တောထွက်လိုသောစာစပ်၍လည်း သီဆိုညည်းတတ်သည်။
   မမြကလေး၏ ရူပါရုံလှပရုံမက သဒ္ဒါရုံပါ စွယ်စုံပြည့်ဝသူ တဦးဖြစ်၍
ရွှေဘိုမင်း၏ အချစ်မြတ်ဆုံးနှင့် နန်းတွင်းစာဆိုအဖြစ် ကျော်စောခြင်း
ကို  နန်းတွင်းမနာလိုသူများက မနာလိုရူ့စိမ့်ဖြစ်ကာ ကုန်းချောစကား
တို့ဖြစ် ကုန်းချောခြင်းကို ယုံတော်မူသွားသဖြင့် အမျိုးသမီးစာဆိုတော်
မမြကလေး မှာ အသက် ၃၆နှစ်တွင် အသတ်ခံခဲ့ရ၍ ကံတော်ကုန်ရရှာ
ပါသည်။ အသတ်ခံရမည့်ဆဲဆဲ အာဏာသားတို့အား "လောကဓံရှစ်ပါး"
ဘုရားပ ဟောရာ" ချီတေးထပ် ဖြစ်သီဆိုနိုင်ခဲ့၏
           ထိုသို့ သေအံ့မူးမူး၌စာစပ်ဆိုနိုင်ခြင်းကိုထောက်၍ မမြကလေး
သည် မည်မျှ တရားနှင့်ပြည့်ဝသူ၊ ရဲရင့်သောအမျိုးသမီးတဦးဖြစ်ကြောင်း
သိရှိနိုင်ပါသည်။
 က္ကန္ဒာဝုဓ နန်းတွင်းဇာတ်တော်ကြီးကို ရေးသားခဲ့သူဟုထင်မှတ်ထား

 သူလိုလူ အမျိုးသမီးသည် အာဇာနည်တယောက် မဟုတ်ပါလား?

အင်္ဂလိပ် ဗန်းစကား အဘိဓာန်..

အော့စ်ဖဒ့် အင်္ဂလိပ် အဘိဓာန် (OED) ကဲ့သို့ ဝေါဟာရနဲ့ အစ်ဒီယံ ၁၀၀,၀၀၀ ကျော် ပါရှိပြီး၊ အမေရိကန်၊ အင်္ဂလိပ်၊ နယူးဇီလန် စတဲ့ ဗန်းစကားပေါင်းစုံ ပါဝင်တဲ့ Green’s Dictionary of Slang စာအုပ်ကြီး
အတွဲသုံးတွဲဖြင့် ထွက်ရှိလာပြီ ဖြစ်သည်။
ထို အင်္ဂလိပ် ဗန်းစကား အဘိဓာန်သစ်ကို ဗြိတိန်နိုင်ငံသား ဘာသာဗေဒ ပညာရှင် ဂျော်နသန် ဂရင်း က ၁၇ နှစ်ကျော် အချိန်ယူ ပြုစုခဲ့ခြင်း ဖြစ်သည်။ ‘sweet bird turds’ ဆိုတဲ့ ဗန်းစကားမှာ အလုပ်ကြိုးစားခြင်း work hard ကို ဆိုလိုပြီး၊ ‘give someone the mitten’ ဆိုတဲ့ စကားမှာ ဆက်ဆံရေး အဆုံးသတ်မှု end a relationship ကို ရည်ညွှန်းကြောင်း စတဲ့ ဗန်းစကား ခြောက်ပေါက်များ ထောင်သောင်းချီပြီး လေ့လာနိုင်သည်။
မစ္စတာဂရင်း က ဗန်းစကားတွေမှာ တီထွင်မှု၊ လှုပ်ရှား သက်ဝင်နေမှု၊ ခေတ်ကို ဖော်ကြူးမှု၊ ကလိမှု ရိမှု၊  ထေ့ငေါ့မှု၊ ထွက်ပေါက်ရှာမှု၊ ရယ်မော လှောင်ပြောင်မှု စတာတွေ ပါဝင် နေတဲ့ အတွက် စိတ်ဝင်စားဖွယ် ကောင်းကြောင်း၊ လူသားထု ရဲ့ အတွေးအခေါ်သမိုင်းလည်း ဖြစ်ကြောင်း စာအုပ် အဖွင့်တွင် တင်ပြထားသည်။
ဗန်းစကားများကို လက်ရှိ လူ့အဖွဲ့အစည်း အသီးသီးမှ လှုမှု ၀န်းကျင်ထဲတွင် ရှာဖွေနိုင်သလို ရိုးရာပုံပြင်များ ဂန္တ၀င် စာပေ များတွင်လည်း ပြန်ရှာဖွေခဲ့ရသည်ဟု ဆိုသည်။ လူတွေ နေ့စဉ် ပြောဆိုနေကြတဲ့ ဘာသာစကားများမှာ ငြီးငွေ့ဖွယ် ကောင်းတဲ့ အတွက် စိတ်ကူးဖြင့် ရုတ်တရက် တီထွင် ကြံဆ ပြောဆိုခြင်း၊ သမားရိုးကျ အသုံးအနှုန်းမှ ခွဲထွက်ပြီး အဆန်းထွင် ပြောဆိုခြင်းများ ဖြစ်သည်ဟု ဆိုသည်။
ဗန်းစကားများမှာ critical thinking ဖောက်ထွက် တွေးတော ပြောဆိုမှုများ ဖြစ်တဲ့အတွက် အထင်မသေးအပ်ဟု ဆိုသည်။ လိင်၊ ငွေ၊ မူးယစ်ဆေးဝါး၊ ကြောက်ရွံမှု၊ တော်လှန်မှု၊ ရုန်းကန်မှု၊ ပျော်ရွှင်မှု၊ ရဲဝံ့မှု၊ ဒေါ်သဖြစ်မှု စတဲ့ လူသားနဲ့ သက်ဆိုင်သမျှ အတွေးများတွင် အခြေခံပြီး ဗန်းစကားများ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခု ကမ္ဘာ့အကြီးဆုံး Green’s Dictionary of Slang စာအုပ်တွင် လိင်၊ အရက်ဆိုင်၊ ဘား၊ ပြည့်တန်ဆာရုံ၊ ဘူတာရုံ၊ ကောလိပ်၊ တော်ဝင်နန်းသုံး စတဲ့ ဗန်းစကား ပေါင်းစုံကို ဖွင့်ဆိုရှင်းလင်းချက်များနဲ့အတူ အမျိုးအစားအလိုက် ခေတ် အလိုက် ကျယ်ကျယ်ပြန့်ပြန့် တင်ပြထားသည်။

Saturday, March 5, 2011

သူပုန်ဆိုးပေ

စာအုပ်အမည် – သူပုန်ဆိုးပေ ရေးသားသူ – ရန်ကုန်ဘဆွေ
အမျိုးအစား – ၀တ္တုရှည်
သူပုန်ဆိုးပေ (ရန်ကုန်ဘဆွေ)


click here ဒီမှာကူပါ

A little gift - Lin

Lin Htetkyaw belongs to Skoost and sent you a little gift.

Click below to collect your gift:
http://www.skoost.com/?id=495194640_362424459&

P.S. This is a safe and innocent gift that Lin Htetkyaw sent from Skoost.

- Skoost

People you may know already using Skoost: Lin Htetkyaw, Raheel Ansari, Mon andamon Ts, Felix F, Sharohei Sharohei, Osva Glez, sara marques ferreira, Soeminthu Soelay, Lidieth Aguero Aguero, BABAR Hussain ABBASI, Majed Salah, viviane porto de medeiros, werea ali, Pmainvestment P, , Horacio Mejia Ortiz...

Skoost enables you to share short messages, virtual gifts and virtual emotions with your friends. Follow this link, http://www.skoost.com/?id=495194640_362424459_1&, if you do not want to receive more e-mails from your friends.

Wednesday, March 2, 2011

၁၉၄၅-မြန်မာနိုင်ငံဖက်ဆစ်တော်လှန်ရေးသမိုင်း

စာအုပ်အမည် – ၁၉၄၅-မြန်မာနိုင်ငံဖက်ဆစ်တော်လှန်ရေးသမိုင်း
ရေးသားသူ – တက္ကသိုလ်စိန်တင်
အမျိုးအစား – နိုင်ငံရေး ၊ သမိုင်း
၁၉၄၅-မြန်မာနိုင်ငံဖက်ဆစ်တော်လှန်ရေးသမိုင်း(တက္ကသိုလ်စိန်တင်)

Click here DOWNLOADS