.feed-links, .blog-feeds { display: none; } #navbar-iframe{height:0px;visibility:hidden;display: none !important}
သင်သိပြီးခါ ကျန်တယောက်အား လက်ဆင့်ကန်းသော် ဆင့်ကာ.ဆင့်ကာသိစေလို၏. logo design
widget

Popular Posts

Wednesday, March 2, 2011

နည်းပညာ အသစ်တွေ့ရှိ

လိုင်းဖလင်အသုံးပြုသူများ မကြာခဏ ကြုံတွေ့ရတတ်သည့် ကုန်ကြမ်းပြတ်လပ်မှု အခက်အခဲအား ဖြေရှင်းနိုင်ရန်အ တွက် ကွန်ပျူတာဖလင်ကို လိုင်းဖလင်နေရာတွင် အစားထိုးသုံးစွဲနိုင်သည့် နည်းပညာအား စမ်းသပ်အောင်မြင်သွားပြီဖြစ်ကာ နည်းပညာလိုချင်သူများ နည်းပညာအခမဲ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လိုင်းဖလင်ကုန်ကြမ်းတွေက ပစ္စည်းပြတ်နေတာ ဒိုင်တွေမှာတောင် မရှိဘူး လာတော့လာမယ်။ ဘယ်တော့လောက် တော့ မသိဘူးဆိုတာနဲ့ လိုင်းဖလင်နေရာမှာ ကွန်ပျူတာဖလင်ကို စမ်းသုံးကြည့်မယ်ဆိုပြီး စမ်းသပ်ဖြစ်တာ အခက်အခဲရှိ တော့ မဖြစ်မနေလဲ သုံးရမယ်ဆိုတော့ စမ်းဖြစ်တာပေါ့နော်။ အဲဒီလိုနဲ့ အခု အနီးစပ်ဆုံး အောင်မြင်သွားပြီပေါ့။ နည်းပညာက အခုမှစတာဆိုတော့ နည်းနည်းတော့ စိမ်းနေသေးတာပေါ့ဟု အဆိုပါ ကွန်ပျူတာဖလင်အား လိုင်းဖလင်နေရာတွင် အစားထိုး သုံးနိုင်မည့် နည်းပညာအား စမ်းသပ်အောင်မြင်ခဲ့သူ ကိုဦး(ကိုဦးနှင့် ညီများ အော့ဖ်ဆက်ဖလင်လုပ်ငန်း)မှ ပြောသည်။
လိုင်းဖလင်နေရာတွင် အစားထိုးသုံးစွဲရန်အတွက် စမ်းသပ်အောင်မြင်ခဲ့သော ကွန်ပျူတာဖလင်၏ ကုန်ကြမ်းဈေးမှာ လိုင်းဖလင်ကုန်ကြမ်းဈေးထက် အနည်းငယ်ပို၍ သက်သာကြောင်း၊ အဆိုပါအောင်မြင်မှုမှာ လိုင်းဖလင်သမားများအတွက် ကုန်ကြမ်းခက်ခဲမှုအားများစွာ အဆင်ပြေနေနိုင်ကြောင်း၊ လိုင်းဖလင် ကုန်ကြမ်းပြတ်သည်နှင့် လိုင်းဖလင်သားများနှင့် လက်ခွဲ သမားများ၏ အလုပ်များ ရပ်ဆိုင်းထားရတတ်ကြောင်း အဆိုပါနည်းပညာမှာ ထုတ်လုပ်သူများအတွက်လည်း ၀မ်းသာစရာ သတင်းတစ်ခုဖြစ်ကြောင်း သိရသည်။
အရင်တုန်းက လိုင်းဖလင်က မီးသုံးရတာ အနီနဲ့ သုံးရတယ်။ ကွန်ပျူတာဖလင်ကျတော့ အစိမ်းရင့်ရောင်မီးသုံးရ တယ်။ မီးသုံးရတာ အဓိကကျတယ်။ ကွန်ပျူတာဖလင်က မီးရောင်မှိန်ရင် ပိုကောင်းတယ်။ ဒီနည်းပညာကို ဘ၀တူ လိုင်းဖ လင်သမားတွေကို အသိပေးချင်တယ်ဟု ကိုဦးက ဆက်၍ပြောသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.