.feed-links, .blog-feeds { display: none; } #navbar-iframe{height:0px;visibility:hidden;display: none !important}
သင်သိပြီးခါ ကျန်တယောက်အား လက်ဆင့်ကန်းသော် ဆင့်ကာ.ဆင့်ကာသိစေလို၏. logo design
widget

Popular Posts

Tuesday, March 8, 2011

လှပသော..Web Design ဖြစ်ဖို့ရာ..

Web Design တစ်ခုကို Table Less Design ဆွဲတတ်မယ်.. Animation တွေကို Flash အစား Jquery အသုံးပြုပြီးသုံးတတ်မယ်ဆိုရင် Professional Web designer တစ်ယောက်အနေနဲ့ စတင်ရပ်တည်နိုင်ပြီလို့သတ်မှတ်  လို့ရပါတယ်..

Table Less Design ဆိုတာကို အောက်မှာ ထပ်ရှင်းပြပေးပါ့မယ်.. တကယ်တော့ Web designer တစ်ယောက်ဖြစ်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး… ကိုယ်ရေးတဲ့ ဒီဇိုင်းက သုံးတဲ့လူတွေနဲ့အဆင်ပြေ မလား (Usability)  လူတိုင်းကော ကိုယ်ရေးတဲ့ ဆိုဒ်ကိုကြည့်လို့ရပါ့မလားဆိုတာ
တွေ(Accessibility) ကို တွေးရပါမယ်.. နောက်ပြီး အများသိတဲ့အတိုင်း အရောင်စပ်ပုံစပ်နည်းကလဲ အရေးကြီးတဲ့အပိုင်းမှာပါပါတယ်..

 နောက် ခုခေတ်ပိုင်းမှာပေါ်လာတဲ့ Chrome / Opera အစရှိတဲ့ web browser တွေအမျိုးမျိုးမှာကော Compatiable ဖြစ်ရဲ့လား..ဒါတွေကို အားလုံးနဲ့ကိုက်ညီအောင် စဉ်းစားပြီးDesign ရေးဆွဲရမှာဖြစ်ပါတယ်..

ဥပမာ IE ကိုလူတွေအသုံးများတဲ့အတွက် Designer တွေဟာ IE နဲ့ဘဲ Test လုပ်ကြပါတယ်.. Firefox , (Chrome , Opera in Macintosh) တွေမှာကော ကြည့်လို့အဆင်ပြေရဲ့လားဆိုတာပါ ထည့်သွင့်စဉ်းစားပေးရမှာဖြစ်ပါတယ်.. Browser တခုမှာ ဒီဇိုင်းကတမျိုးစီဖြစ်မနေသင့်ပါဘူး.. အဲဒါကြောင့် Browser compatibility ဟာ ဒီဇိုင်နာတယောက်ရဲ့ အရေးကြီးတဲ့ အချက်အလက်ထဲက တခုအပါအ၀င်ဖြစ်ပါတယ်..

အဲဒိအတိုင်းပဲ  Accessibility ဟာလဲ အလွန်အရေးကြီးပါတယ်..  Accessibiltiy ဆိုတာ ကိုယ် ၀က်ဘ်ဆိုဒ်ကို လူတွေလွယ်ကူစွာနဲ့ကြည့်လို့ရနိင်အောင် ဒီဇိုင်းရေးဆွဲခြင်းဖြစ်ပါတယ်..
 ဒီလိုဖြစ်ဖို့ဆို Clean Layout ဖြစ်ဖို့လည်းလိုအပ်ပါတယ်.. ကြည့်လိုက်တာနဲ့ ဘယ် Link ကိုနှိပ်ရင်ဘယ်ရောက်မယ်ဆိုတဲ့ ရှင်းလင်းနေတဲ့ လမ်းညွှန်မြေပုံတခုလို ဖြစ်နေရမှာပါ..
 ဒါမှလဲ ကိုယ့်ဝဘ်ဆိုဒ်ရဲ့ User တွေကို ကိုယ်ပေးချင်တဲ့ Information ကိုထိထိရောက်ရောက်ပေးနိုင်သလို.. user တယောက်အနေနဲ့လဲ သူလိုချင်တဲ့ information ကိုလွယ်လင့်တကူ ရှာတွေ့နိုင်မှာဖြစ်ပါတယ်..  ဒီဇိုင်းရေးဆွဲရာမှာ ဒီလိုမျိုးအဘက်ဘက်ကစဉ်းစားပြီးရေးဆွဲရမှာဖြစ်ပါတယ်..

ဒီလို Website ကို Accessibility Standard ဖြစ်ဖို့ The W3C (World Wide Web Consortium) က international Standard အဖြစ်  Web Accessibility Initiative (WAI) ဆိုပြီး level လိုက်ခွဲခြမ်းထားရှိပါသေးတယ်..အဲဒါတွေကို နောက်ထပ် web design အပိုင်း(၂)မှာ ထပ်ဖော်ပြပေးပါ့မယ်။ ဒါတွေကိုသိဖို့ဆိုရင် Persona /Wireframe စသည်တွေကို ကောင်းကောင်းအသုံးချပြီးစဉ်းစားရပါတယ်.. ထို့ပြင် ခုခေတ်မှာ Website Design ကို အရင်လို Table တွေသုံးပြီး မရေးသားကြတော့ပါဘူး ..

Website Design တစ်ခုလုံးကို CSS တစ်ခုတည်းအသုံးပြုပြီးရေးသားနေကြပါပြီ… မြန်မာပြည်မှာလည်း ဆိုဒ်တစ်ချို့က ဒီလိုနည်းနဲ့ရေးနေကြပါတယ်..
ပြီးတော့ ရေးနိုင်တဲ့လူအနည်းအကျဉ်းတော့ရှိကြပါတယ်..  ဒါပေမယ့် ဒီလိုမျိုးရေးတတ်အောင် Training ပေးတဲ့သင်တန်းမျိုးကိုတော့ မတွေ့မိသေးပါဘူး..

ဒီနေရာမှာ တကယ့် Professional Web designer နဲ့ သာမန် Web designer ကွာတာတွေ့ရပါလိမ့်မယ်… သာမန် Web design များစွာကို အချိန်တိုအတွင်းသင်ယူနိုင် ၊ ရေးဆွဲနိုင်ပေမယ့် ဒီ  Tabless ဒီဇိုင်းကကျတော့ အချိန်ပေးရပါတယ်.. နောက်ပြီး CSS ကို browser တမျိုးနဲ့တမျိုး သတ်မှာထားတာချင်းမတူလို့ browser အားလုံးနဲ့ အဆင်ပြေအောင် လုပ်ရတဲ့အပိုင်းမှာလည်း အချိန်ပေးရပါတယ်…

CSS ဆိုတာ Cascading style sheet လို့ခေါ်ပြီး  html ကို ဒီဇိုင်းလုပ်ပေးတဲ့အခါမှာသုံးပါတယ်..
Html file မှာ Content တွေကို အသေးစိတ် ဘယ်လို Format/Design လုပ်ရမယ်ဆိုတာတွေမပါတဲ့ အတွက်ကြောင့် WWW က CSS ကို တီထွင်ခဲ့ကြပါတယ်…
CSS ကို နောက်တစ်မျိုးအနေနဲ့ခေါ်နိုင်တာကတော့ html ဖိုင်ရဲ့အခွဲတစ်ခုအနေနဲ့လည်းယူဆနိုင်ပါတယ်…
HTML ဖိုင်တစ်ခုရဲ့ Content တွေကို ဘယ်လို အနေအထားတွေ၊ ပုံစံတွေထားမလဲ၊ စာလုံးအရွယ်တွေ အရောင်တွေပုံစံတွေ ဘယ်လိုထားမလဲဆိုတာတွေကို ရေးထားနိုင်ပါတယ်…
ဒါပေမယ့် သူ့မှာက html Content တွေမပါဘဲ ဒီ Content တွေကို ပုံစံအမျိုးမျိုးလုပ်ပေးနိင်မယ့် Tags တွေဘဲ ပါပါတယ်…

 CSS ရဲ့အားသာချက်တွေကတော့

Making changes to the layout

CSS က webpage တခုရဲ့ ဒီဇိုင်းကိုပြောင်းလဲဖို့ အရမ်းလွယ်ကူပါတယ်.. တကယ်လို့ page တခုမှာရှိတဲ့ ပုံတပုံကို Pageရဲ့ ညဘက် 10 pixle လောက်ရွေ့ချင်တယ်ဆိုပါဆို့.. ဒါပေမဲ့ အဲဒိpageမှာ css နဲ့
control မလုပ်ပဲ table တွေအသုံးပြုထားတယ်ဆိုရင် အဲလိုပြောင်းချင်တဲ့ page တိုင်းကိုဖွင့်ပြီး table ရဲ့ width ကို လိုက်ပြင်ပေးရပါလိမ့်မယ်..

တကယ်လို့သာ CSS နဲ့ control လုပ်ထားခဲ့မယ်၊ အသုံးပြုထားမယ်ဆိုရင်တော့ CSS တဖိုင်ကိုသာဖွင့်ပြီး ပြင်ရုံပါပဲ.. ဒါဆိုရင်တော့ ဆိုဒ်တခုလုံးမှာရှိတဲ့ ပြင်ချင်တဲ့နေရာမှန်သမျှ ကို CSS တဖိုင်ထဲမှာဖွင့်ပြီး
သက်ဆိုင်တဲ့နေရာမှာ ပြင်လိုက်ရုံနဲ့ ဆိုဒ်တခုလုံး အလိုလိုပြောင်းပြီးသားဖြစ်ပါလိမ့်မယ်..

CSS ဖိုင်တခုကိုပြောင်းလဲအသုံးပြုရုံနဲ့ ၀ဘ်ဆိုဒ်တခုလုံးရဲ့ ဒီဇိုင်းကိုပြောင်းလဲပြစ်လို့ရပါတယ်.. အဲဒါတွေကတော့ တကယ်ကြီးတဲ့ ၀ဘ်ဆိုဒ်တွေမှာ မရှိမဖြစ် အသုံးပြုသင့်ပါတယ်..

File Size

CSSရဲ့ အသုံးများတဲ့ feature ထဲမှာ

CSS ရဲ့ အသုံးအ၀င်ဆုံးအချက်တစ်ချက်ကတော့ html file ကနေ Style တွေ Layout တွေကို Format ထားတဲ့ Code တွေကို ဖယ်ထုတ်ပြီး သပ်သပ် ဖိုင်တစ်ဖိုင်ခွဲလိုက်နိုင်ခြင်းအားဖြင့် Html file size ဟာ
အများကြီး ငယ်သွားနိုင်ပါတယ်။နောက်ပြီး CSSကို user/visitor ရဲ့ browser တွေမှာ တကြိမ်တခါပဲဒေါင်းလုပ်လုပ်ရသလို မြန်မြန်ဆန်ဆန်လဲဒေါင်းလုပ်လုပ်လို့ရပါတယ်.. ထို့ပြင် ဒီဖိုင်ကိုပဲ တခြားစာမျက်နှာတွေမှာ
ပြန်လည်အသုံးပြုထားတဲ့အတွက် စာမျက်နှာတခါခေါ်တိုင်း အဲဒိcss ဖိုင်ကိုထပ်ခါတလဲလဲဒေါင်းနေစရာမလိုပါဘူး..အဲဒါကြောင့် server တခုရဲ့ bandwidth ကိုလျော့ချပေးနိုင်သလို website ရဲ့ performance
ကိုလဲမြန်စေတဲ့အတွက် users/visitors တွေကို စိတ်ချမ်းသာမှုပေးနိုင်မှာဖြစ်ပါတယ်။

Search Engines

ပုံမှန်အားဖြင့်တော့ search engine တွေက၀က်ဘ်ဆိုဒ်တစ်ခုလုံးက Content စာသားကနေ ပထမဆုံးအပိုဒ် စာသားတွေကို ပိုအရေးကြီးတယ်လို့သတ်မှတ်ပါတယ်..
ဒါကြောင့် search engine ကနေကိုယ့်ဝက်ဘ်ဆိုဒ်ကို ရှာတဲ့အခါမှာလည်း ကိုယ်ဆိုဒ်က Content စာသားတွေရဲ့ ပထမဆုံးစာသားတွေကို အရင်ဆုံး ဦးစားပေးရှာဖွေပါတယ်..

Search Engine များအတွက်တော့ Table များနဲ့ ဒီဇိုင်းဆင်ထားတဲ့ ၀က်ဆိုဒ်တွေရဲ့စာမျက်နှာများမှာ Link များရေးသားထားသော Navigation Bar ဟာပုံမှန်အားဖြင့် စာမျက်နှာရဲ့ပထမပိုင်း(ထိပ်ပိုင်း)မှာ စာမျက်နှာရဲ့ အကြောင်းအရာအဖြစ်ပါရှိနေပါလိမ့်မယ်..
ဒါကြောင့် Search Engine အနေနဲ့ စာမျက်နှာမှာပါတဲ့ အခြားသော ပိုပြီးအရေးပါတဲ့စာကိုယ်(BOdy Text) များကို နောက်မှရှာဖွေတွေ့ရှိနိုင်လို့ ကိုယ့်ဝက်ဆိုဒ်ဟာ တခြားသောဝက်ဆိုဒ်များထက် Search Engine Ranking မကောင်းတဲ့အကျိုးသက်ရောက်မှုရရှိနိုင်ပါတယ်..
CSS နဲ့ ဒီဇိုင်းဆင်ထားတဲ့ စာမျက်နှာတွေမှာတော့ ဒီ Link များပါရှိတဲ့ Navigation Bar ဟာ စာမျက်နှာရဲ့အောက်ဆုံးမှာရောက်ရှိသွားလို့ Search Engine များအနေနဲ့ စာမျက်နှာရဲ့ အဓိကစာသားများ၊ အကြောင်းအရာများကို အလွယ်တကူရှာဖွေတွေ့ရှိနိုင်ပါတယ်..

Accessibility

Html ရဲ့ content ကနေ style တစ်ခုကိုခွဲထုတ်လိုက်ခြင်းအားဖြင့် ၀ဘ်ဆိုဒ်ရဲ့content တွေကို ရှင်းလင်းစွာမြင်ရမယ်။ ပြီးတော့ ပြင်ဖို့လဲ လွယ်ကူတယ်..


နောက်တစ်ခုကတော့ Flash အစား Jquery ကို အစားထိုးအသုံးပြုလာကြပါတယ်.. Jquery ဟာ Light formatted ဖြစ်တဲ့အတွက်  Loading Speed ကို Flash သုံးတာထက်မြန်စေပါတယ်..
ထို့ပြင် Jquery ဟာ Plugin များစွာကို Support လုပ်ပေးပြီးဖြစ်တဲ့အတွက် အလွယ်တကူဘဲယူပြီးသုံးနိုင်ပါတယ်..

ဒီလို Professional Table less Design with CSS နဲ့ Jquery တွေတတ်မြောက်နိုင်ဖို့ Persona, Wireframe တွေကို အခြခံကျကျလေ့လာနိုင်ဖို့ကို သင်ကြားပေးဖို့ info knowledge house က အစီအစဉ်တစ်ခုကိုရေးဆွဲထားပါတယ်..

စိတ်ပါဝင်စားသူများ 09 73075641၊ 09 5065513 (သို့မဟုတ်) info@infoknowledgehouse.com သို့ အသေးစိတ်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.