.feed-links, .blog-feeds { display: none; } #navbar-iframe{height:0px;visibility:hidden;display: none !important}
သင်သိပြီးခါ ကျန်တယောက်အား လက်ဆင့်ကန်းသော် ဆင့်ကာ.ဆင့်ကာသိစေလို၏. logo design
widget

Popular Posts

Wednesday, March 2, 2011

သုံးမျိုး တဖုံ သုံးနိုင်ပြီ..

photo
ဖိုက်ဘာကြိုးတစ်ချောင်းတည်းဖြင့် အင်တာနက်၊ ဖုန်း၊ တီဗွီသုံးမျိုးလုံး သုံးနိုင်သော Triple Play Service ကို ရန်ကုန်မြို့ တွင် သုံးစွဲနိုင်တော့မည်ဖြစ်၍ စတင်လျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါ FTTX Service အတွက် ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်မိတ္တူပုံစံ (၆)၊ (၂၆) မိတ္တူများ၊ နိုင်ငံသား စိစစ်ရေးကတ်မိတ္တူတို့ဖြင့် Myanmar Millennium Group Company သို့ လျှောက်ထားနိုင်ကြောင်း သိရသည်။ Personal ကိုယ်ပိုင်သုံးစွဲလိုသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ရပ်ကွက်ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်း ထောက်ခံစာတို့ လိုအပ်ကြောင်း သိရသည်။
ကျွန်တော်တို့ Myanmar Millennium Group Company က ဖိုက်ဘာကြိုးတစ်ချောင်းတည်းဖြင့် အင်တာနက်၊ ဖုန်း၊ တီဗွီသုံးမျိုးလုံး သုံးနိုင်သော Triple Play Service ကို စမ်းချောင်းမြို့ နယ်မှာ စတင်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ တယ် လီဖုန်း၊ အင်တာနက်၊ တီဗွီသုံးမျိုးလုံး အသုံးပြုရင်လဲရသလို နှစ်မျိုးပဲသုံးလဲ ရပါတယ်။ အင်တာနက် Speed 512 Kbps မှ 2 Mbps ထိကို ကျွန်တော်တို့ ကုမ္ပဏီက ဆောင်ရွက်ပေးပြီး 4 Mbps/ 8 Mbps ကိုသုံးစွဲသူတွေကတော့ Myanmar Teleport ကို တိုက်ရိုက်မေးရပါတယ်ဟု MMG Technologies Co.,Ltd. မှ မန်နေဂျာဦးကျော်ထွန်းလှိုင်က ပြောသည်။
ရုပ်မြင်စနစ်ပါသော IP Phone အပြင် ပြည်တွင်း ပြည်ပအလွယ်တကူ ခေါ်ဆိုနိုင်ပြီး Fax Service ကိုပါ တွဲဖက်အ သုံးပြုနိုင်ကြောင်း သိရသည်။ ကဏ္ဍစုံပါသော IPTV တွင် အခမဲ့လိုင်းသုံးလိုင်း၊ အခပေးလိုင်း ၁၇လိုင်းတို့ကို Satellite သီး ခြားတပ်ဆင်စရာမလိုဘဲ ကြည့်ရှုနိုင်ကြောင်း သိရသည်။ သုံးစွဲလိုသူများ အနေဖြင့် 3 in 1 သုံးမျိုးစလုံး တပ်ဆင်ခကျပ်ကိုး သိန်းနှင့် နှစ်စဉ်ကြေး ရှစ်သောင်းလေးထောင်၊ 2 in 1 နှစ်မျိုးတပ်ဆင်ခ ကျပ်ခုနစ်သိန်းငါးသောင်းနှင့် နှစ်စဉ်ကြေးကျပ် ခြောက်သောင်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
အသေးစိတ်သိလိုပါက ဖုန်း- ၅၀၄၅၆၆၊ ၅၁၅၂၉၂၊ ၅၁၄၈၈၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.