.feed-links, .blog-feeds { display: none; } #navbar-iframe{height:0px;visibility:hidden;display: none !important}
သင်သိပြီးခါ ကျန်တယောက်အား လက်ဆင့်ကန်းသော် ဆင့်ကာ.ဆင့်ကာသိစေလို၏. logo design
widget

Popular Posts

Wednesday, March 2, 2011

Apple မှ iPad 2 အား မတ်လ ၂ရက်နေ့တွင် ထုတ်လုပ်သွားမည်

Apple မှ လာမည့် မတ်လ ၂ ရက်နေ့တွင် ထွက်ရှိမည်ဟုနာမည်ကြီးလျှက်ရှိနေသော iPad 2 အား အမေရိကန်နိုင်ငံ San Francisco မြို့ရှိ Yerba Buena Center for the Arts Theather တွင် တရားဝင် ထုတ်ဖော်ပြသကြော်ငြာသွားတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ကြော်ငြာထားချက်များအရ ယခု ၂၀၁၁ ခုနှစ်အတွင်း Apple ၏အဓိကထုတ်လုပ်သွားမည့် ထုတ်ကုန်မှာ iPad 2 ပင်ဖြစ်ကြောင်းသိရပါတယ်။

ယခုထွက်ရှိလာမည့် iPad2 တွင် Apple အသုံးပြုသူများမှ မျှော်လင့်နေသောအချက်မှာ Camera ပါဝင်လာမှုပဲဖြစ်ပါတယ်။ iPad 2 အတွင်း Camera ပါဝင်လာမည်ကို ယမန်နှစ်ကတည်းကပင် ကောလဟာလများထွက်ရှိခဲ့ပြီး တရုတ်ထုတ် iPad 2 များတွင်လည်း Camera ပါဝင်လာတာကို တွေ့မြင်ခဲ့ကြောင်း လူတစ်ခိျု့မှ ဆိုထားပါတယ်။ ထို့အပြင် iPad ၏နောက်ဘက် နေရာများတွင်လည်း နေရာလွတ်များရှိနေခြင်းကြောင့် Speaker လည်းပါဝင်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိနေပါတယ်။

January လအတွင်း Mac Rumor မဂ0x081ဂဇင်းမှ ဖော်ပြထားချက်များအရ Apple မှ Developer များအတွက် ထုတ်လုပ်ထားသည့် iOS 4.3 Beta2 တွင် Application အသစ် ၃ခု ပါဝင်လာကြောင်း၊ 0x158င်းတို့မှာ Facetime၊ Camera နှင့် PhotoBooth တို့ဖြစ်သောကြောင့် အဆိုပါApplication ၃ ခုမှာ iPad 2 အတွင်း Camera ပါဝင်လာနိုင်မှုကို ပိုမိုသေချာစေကြောင်းလည်း သိရပါတယ်။

နောက်ထပ် အသုံးပြုသူများ မျှော်လင့်ရနိုင်တာကတော့ iPad 2 တွင် Display ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်လာနိုင်ခြင်းပဲဖြစ်ပါတယ်။ Apple အနေဖြင့် iPad 2 အား ပိုမိုကောင်းမွန်သော dual-core graphics chipset များ အသုံးပြုသွားဖွယ်ရှိပြီး 1536 x 800 resolution ကိုလည်းရရှိသွားနိုင်ကြောင်း သိရပါတယ်။ ထိုကဲ့သို့ resolution နှင့် dual-core chipset များကို အသုံပြုထားခြင်းကြောင့် iPad 2 အနေဖြင့် 1080p HD video ကိုလည်းအထောက်အပံ့ ပေးသွားနိုင်မှာဖြစ်ကြောင်း ကျွမ်းကျင်သူများမှ ခန့်မှန်းထားလျှက်ရှိပါတယ်။

လွန်ခဲ့သော ရက်သတ0x081တပတ်အတွင်း သတင်းဌာနတစ်ခုဖြစ်သော Digitimes ၏ ဖော်ပြချက်အရ iPad 2 တွင် screen resolution 2048 x 1536 ရရှိသွားမှာဖြစ်ကြောင်း ဖော်ပြခဲ့သော်လည်း နောက်ဆုံးတွင်တော့ သတင်းဌာနများ၏ စုံးစမ်းချက်အရ အဆိုပါresolution မှာ အမှန်ဖြစ်သော်လည်း iPad version မှာ မှားယွင်းနေကြောင်း၊ ထိုကဲ့သို့မြင့်မားသော resolution မှာ iPad 3 တွင်သာရရှိသွားနိုင်မှာဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

နောက်ဆုံးသတင်းများအရ iPad 2 မှာ ယခင် iPad ၏ ဒီဇိုင်းထက်ပိုမို သေးငယ်ပြီး လှပသေသပ်မှာ ဖြစ်ကြောင်း သိရပါတယ်။ ထို့ပြင် အခြားသတင်းများ၏ဖော်ပြချက်အရ Apple မှ 0x158င်း၏ iPad 2 အတွင်း CDMA နှင့် GSM ၂မျိုးစလုံးကို အသုံးပြုသွားနိုင်အောင် စီစဉ်ထားကြောင်းနှင့် iPad 2 တွင် အဆိုပါNetwork ၂ခုလုံးအလုပ်လုပ်နိုင်စေရန် triple-mode wireless chip ပါဝင်လာမှာ ဖြစ်ကြောင်းဖော်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.