.feed-links, .blog-feeds { display: none; } #navbar-iframe{height:0px;visibility:hidden;display: none !important}
သင်သိပြီးခါ ကျန်တယောက်အား လက်ဆင့်ကန်းသော် ဆင့်ကာ.ဆင့်ကာသိစေလို၏. logo design
widget

Popular Posts

Wednesday, March 2, 2011

Apple မှ Intel Processor များဖြင့် MacBook Pro အသစ်အား ထုတ်လုပ်

Apple New MacBook Pro

Apple New MacBook Pro

Apple ၏ ကုန်ပစ0x081စည်းများကို အစဉ်အမြဲသုံးစွဲလျှက်ရှိသောသူများအဖို့ ယခုအခါ Apple မှ ကြေငြာထားသည့် အတိုင်း Intel ၏ Sandy Bridge Processor အသုံးပြုထားသော MacBook Pro များကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

၁၃ လက်မ၊ ၁၅လက်မ၊ ၁၇လက်မ အရွယ်အစားများတွင် ထုတ်လုပ်ထားသော Apple ၏MacBook Pro အသစ် တွင် Intel ၏Core i7 2.0GHz သို့မဟုတ် 2.2GHz ကိုအသုံးပြုထားပါတယ်။ Processor ၏ L3 Cache အနေနဲ့ကတော့ 6MB ပါဝင်လာမှာ ဖြစ်ပြီး အဆိုပါ Processor ကိုနည်းတယ်လို့ ထင်သူများအဖို့ကတော့ Intel Core i7 2.3GHz L3 Cache 8MB ကို ထည့်သွင်းသွားနိုင်မှာ ဖြစ်ပါတယ်။

Memory အနေနဲ့ကတော့ DDR3 2GB 1333GHz ၂ချောင်းကို ထည့်သွင်းပေးထားမှာ ဖြစ်တဲ့အတွက် စုစုပေါင်း 4GB ရရှိသွားမှာဖြစ်သော်လည်း Memory Slot များမှာ 8GB အထိ support ပေးနိုင်တဲ့အတွက် Memory ပမာဏ များများစားစားလိုချင်သူများအဖို့ကတော့ မိမိစိတ်ကြိုက်ထည့်သွင်းသွားနိုင်မှာ ဖြစ်ပါတယ်။

Storage Device ဖြစ်သော Hard Disk ကိုတော့ 5400 rpm SATA ရှိမည့် 500GB သို့မဟုတ် 750GB ကိုအသုံးပြုသွားနိုင်မှာ ဖြစ်ပြီး SATA ကိုအသုံးမပြုချင်များ အဖို့ကတော့ 5400rpm ရှိ 750GB သို့မဟုတ်7200rpm ရှိ 500GB ကို အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။ ထပ်မံပြီး Apple မှ အသုံးပြုသူများကို စွဲဆောင်ထားတာကတော့ အဆိုပါ SATA နှင့် ရိုးရိုး HardDisk များကို အသုံးမပြုချင်ဘဲ Solid State Hard Drive များကို ကြိုက်နှစ်သက်သူများအတွက် 128GB၊ 256GB၊ 512GB (SSD) များကို အသုံးပြုသွားနိုင်အောင် စီမံပေးထားခြင်းပဲဖြစ်ပါတယ်။ ထို့အပြင် 8x slot-loading SuperDrive (DVD±R DL/DVD±RW/CD-RW) ကိုလည်း ထည့်သွင်းပေးထားပါတယ်။

MacBook Pro အသစ်၏ VGA ကိုတော့ AMD Radeon HD 6490M Graphic Processor ကိုအသုံးပြုပေးထားပြီး Graphic Memory အနေဖြင့် GDDR5 2.0GHz ရှိ 256MB အထိ ထားရှိပေးထားပါတယ်။ အဆိုပါ VGA ကိုမလုံလောက်သူများအဖို့ကတော့ AMD Radeon HD6750M ကိုရရှိနိုင်မှာ ဖြစ်ပြီး Memory အနေဖြင့် GDDR5 2.2GHz ရှိ 1GB ကို ရွေးချယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Display အတွင်း ရရှိနိုင်သော Resolution ကတော့ 2560၊ 1600 pixel ကိုရရှိသွားမှာဖြစ်ပြီး ထပ်မံပြီး ယခင်ထုတ်လုပ်ထားသော MacBook Pro နှင့် မတူသော အချက်မှာ FaceTime Camera အား HD အရည်အသွေးရရှိအောင် ပြုလုပ်ပေးထားခြင်းပဲဖြစ်ပါတယ်။

ထို့အပြင် အသစ်ပါဝင်လာသော Feature မှာ HD အရည်အသွေးရှိ ရုပ်ရှင်ကားများ ကို RealTime edit လုပ်နိုင်စွမ်းရှိသော Thunderbolt အမည်ရ နည်းပညာပဲ ဖြစ်ပါတယ်။ Thunderbolt မှာ မကြာသေးခင်ကာလမှ Apple မှ ကြေငြာထားသော အလွန်မြန်ဆန်သည့် 10Gbps အမြန်နှုန်းရှိမည့် Data Transfer နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ Thunderbolt ဟာ လက်ရှိအသုံးပြုနေသော Firewire 800 နည်းပညာထက် ၁၂ဆ ပိုမို မြန်ဆန်မှာ ဖြစ်ပြီး USB 2.0 ထက်တော့ အဆ ၂၀ ပိုမိုမြန်ဆန်မှာ ဖြစ်ကြောင်း Apple မှဖော်ပြထားပါတယ်။ Thunderbolt port များဟာ Plug and Play (PnP) ဖြစ်တဲ့အတွက် အသုံးပြုသူများအဖို့ အကျေနပ်ဖွယ်ဖြစ်ပြီး Device ၆ ခုအား Daisy Chain နည်းပညာဖြင့် အဆင့်ဆင့် ချိတ်ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် HDMI နည်းပညာပါဝင်သော Device များကိုလည်း Support ပေးနိုင်ပြီး VGA, DVI adapter များနှင့် လည်းအဆင်ပြေစွာ အသုံးပြုနိုင်ကြောင်း ဖော်ပြထားပါတယ်။

Battery သက်တမ်းအနေဖြင့် Wireless ဖြင့် အင်တာနက် အသုံးပြုနေစဉ်အချိန်မှာပင် ၇နာရီ သက်တမ်းအထိ အသုံးပြုနိုင်မှာ ဖြစ်ကြောင်းသိရပါတယ်။ ပါဝင်သည့် I/O ports များမှာ Megasafe powerport၊ Gigabit Ethernet port၊ Firewire 800 port၊ USB 2.0 port ၂ခု၊ Thunderbolt port၊ Audio Line in /out၊ SDXC slot နှင့် lock slot တို့ပါဝင်ပါတယ်။

ဈေးနှုန်းအနေဖြင့် ၁၃လက်မအား USD 1199၊ ၁၅လက်မအား USD 1799 နှင့် ၁၇လက်မအား USD 2499 တို့မှ စတင်ကာ ကျသင့်သွားမှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.