.feed-links, .blog-feeds { display: none; } #navbar-iframe{height:0px;visibility:hidden;display: none !important}
သင်သိပြီးခါ ကျန်တယောက်အား လက်ဆင့်ကန်းသော် ဆင့်ကာ.ဆင့်ကာသိစေလို၏. logo design
widget

Popular Posts

Wednesday, March 2, 2011

Mozilla မှ Firefox 4 beta ၏ နောက်ဆုံး Beta ဖြစ်လာမည့် beta 12 ကိုထုတ်လုပ်

Firefox 4 the last beta



Firefox 4 the last beta

ကမ0x081ဘာပေါ်တွင် အကောင်းဆုံး Web Browser ဟုသတ်မှတ်ခြင်းခံထားရသည့် Firefox Web Browser ကို ထုတ်လုပ်ပေးနေသော Mozilla မှ ယခုအခါ Firefox 4 ၏နောက်ဆုံး Beta ကိုထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

ယခုထုတ်လုပ်လိုက်သော Firefox 4 beta 12 တွင် Flash ပါဝင်ခြင်းနှင့် အသုံးပြုခြင်းတို့ တည်ငြိမ်သွားစေရန် အထူးအားပြုထားပြီး add-ons များနှင့် ကွန်ပျူတာ Hardware ၏မြန်နှုန်းအလိုက်အသုံးပြုသွားနိုင်အောင် စီမံထားတယ်လို့ သိရပါတယ်။

Firefox 4 beta 12 ဟာ Linx၊ Windows၊ Mac တို့တွင် အသုံးပြုသွားနိုင်မှာ ဖြစ်ပြီး Browser တစ်ခုလုံးအား ယခင်ထုတ်လုပ်ထားသော Beta version များထက် ပိုမို တည်ငြိမ်စွာအသုံးပြုသွားနိုင်မှာ ဖြစ်ကြောင်းသိရပါတယ်။ beta 12 တွင် ထူးခြားသော မြင်ကွင်းပြောင်လဲမှုမှာ Website အတွင်းရှိ Link များကို ကလစ် ထောက်ပါက ဖော်ပြမည့် Link Address များကို ယခင် beta များတွင် main address bar ဘေးတွင် ကဲ့သို့ မဖော်ပြတော့ပဲ ရှေးယခင် Stable Version များအတိုင်း ဘယ်ဘက်အောက်တွင်သာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Mozilla ၏ ကြော်ငြာချက်အရ ယခုထုတ်လုပ်လိုက်သည့် Firefox 4 beta 12 ဟာ Firefox 4 ၏နောက်ဆုံး beta ဖြစ်ပြီး မကြာခင်ကာလတွင်တော့ Firefox 4 ၏ Stable Version ကိုထုတ်လုပ်သွားမှာ ဖြစ်ကြောင်းနှင့် Browser အတွင်း အန0x081တရာယ်ကြီးမားသော Bug တစ်ခိျု့ကို ရှင်းလင်းပြီးသွားပါက အသုံးပြုသူများ အနေဖြင့် ပြီးပြည့်စုံသော Firefox 4 အားရရှိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.