.feed-links, .blog-feeds { display: none; } #navbar-iframe{height:0px;visibility:hidden;display: none !important}
သင်သိပြီးခါ ကျန်တယောက်အား လက်ဆင့်ကန်းသော် ဆင့်ကာ.ဆင့်ကာသိစေလို၏. logo design
widget

Popular Posts

Wednesday, March 2, 2011

ရန်ကုန်-နေပြည်တော် ယာဉ်လိုင်းအသစ်တွင် မိုဘိုင်းဖုန်းအပြင် ရွေ့လျားအင်တာနက် တပ်ဆင်မည်၊ Apple မှ iPad 2 အား မတ်လ ၂ရက်နေ့တွင် ထုတ်လုပ်သွားမည်၊ Apple မှ Intel Processor များဖြင့် MacBook Pro အသစ်အား ထုတ်လုပ် ၊ Mozilla မှ Firefox 4 beta ၏ နောက်ဆုံး Betaြ


ရန်ကုန်-နေပြည်တော် ယာဉ်လိုင်းအသစ်တွင် မိုဘိုင်းဖုန်းအပြင် ရွေ့လျားအင်တာနက် တပ်ဆင်မည်

phone system on bus



phone system on bus

ဖေဖော်ဝါရီ ပထမအပတ်မှ စတင်ကာပြေးဆွဲနေသော ရန်ကုန်-နေပြည်တော် Elite- Express တွင် ရွေလျားမိုဘိုင်းအပြင်၊ ရွေ့လျား အင်တာနက် ပါတပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Eite-Express မှ တာဝန်ရှိသူ၏ပြောကြားချက်အရ မတ်လအတွင်း စတင်တပ်ဆင်သွားမည်ဖြစ်ပြီး တပ်ဆင်ရန်အတွက် Sky Net ရုပ်သံလိုင်းနှင့် ပူးပေါင်းစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

" ခရီးသည်တွေ ကြိုက်နှစ်သက်မယ့် ရုပ်သံလိုင်းတွေကို စီစဉ်နေပါတယ်။ လက်ရှိဖျော်ဖြေရေးအစီအစဉ်တွေ၊ အခွေတွေကို ပြသပေးနေပါတယ်၊ခရီးသွားရင်း အိမ်နဲ့ အဆက်အသွယ် မပြတ်စေရန် အခုလို မိုဘိုင်းဖုန်းနဲ့ ရွေ့လျားအင်တာနက် တပ်ဆင်ခြင်း ဖြစ်ပါတယ်"ဟု ၄င်းကပြောကြားသည်။

ကားပေါ်၌ ရွေ့လျားဖုန်းကို ကျပ်ငါးသိန်းတန် ဖုန်းများကို စီစဉ်ပေးထားမည်ဖြစ်ပြီး အထွက်ခေါ်ဆိုခအတွက် PCO အတိုင်းကောက်ခံကာ အဝင်အတွက် ပေးဆောင်ရန် မလိုကြောင်း သိရသည်။ လက်ရှိတွင် ဖုန်းတစ်မျိုးတည်းသာ တပ်ဆင်ထားပြီး မတ်လမှ စတင်ကာ အင်တာနက်နှင့် ကြိုက်နှစ်သက်ရာ ရုပ်သံလိုင်းများကိုပါ ရရှိမည် ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ကားသုံးစီးဖြင့်သာ ပြေးဆွဲပေးနေပြီး မတ်လဒုတိယပတ်မှ စတင်ကာ တစ်စီးထပ်ဖြည့်ကာ ကားလေးစီးဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

"ear phone တွေထားပေးထားပါတယ်၊ တီဗွီကြည့်ချင်တဲ့ သူတွေက ear phone နဲ့တပ် ပြီး အသံနားထောင် ကြည့်ရှုနိုင်မှာ ဖြစ်ပြီး တီဗွီမကြည့်ချင်သူတွေက ear phone ဖြုတ်ထား လိုက်ရုံပါပဲ" ဟု ၄င်း ကပြောကြားသည်။

ကားစက်နှိုးထားသည် ဖြစ်စေ၊ မနှိုးထားသည် ဖြစ်စေ ကားပေါ်၌ လျှပ်စစ်ဓာတ်အားရရှိရန် အင်ဗာတာထားရှိမည်ဖြစ်ပြီး ဖုန်းအားသွင်းရန် ပလပ်ပေါက်များလည်း ထားပေးထားကြောင်း၊ ကား၏မြန်နှုန်းကို ကွန်ပျုတာဖြင့် ထိန်းချုပ်ထား သောကြာင့် မြန်နှုန်းတပြေးညီ မောင်းနှင်မည် ဖြစ်ကြောင်း သိရသည်။ ၄င်းယာဉ်လိုင်းအတွက် လက်မှတ်နှုန်းထားမှာ အခြား ယာဉ်လိုင်းများအတိုင်း ၆၀၀၀ကျပ် ဖြစ်ပြီး ၅၉၀၀ကျပ်မှာ လက်မှတ်ထားနှင့် ၁၀၀ကျပ်မှာ အာမခံနှုန်း ထားဖြစ်ကြောင်း သိရသည်။

သင့်စကားလေးတစ်ခွန်းဟာ ရေးသူအတွက် အမော်ပြေလေးမည်၏။



No comments:

Post a Comment

Note: Only a member of this blog may post a comment.