.feed-links, .blog-feeds { display: none; } #navbar-iframe{height:0px;visibility:hidden;display: none !important}
သင်သိပြီးခါ ကျန်တယောက်အား လက်ဆင့်ကန်းသော် ဆင့်ကာ.ဆင့်ကာသိစေလို၏. logo design
widget

Popular Posts

Tuesday, March 8, 2011

(မတ်လ၈ရက်)နေ့တွင်ကျရောက်မည့်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ နေ့

 ***အမျိုးသမီးနေ့ကိုကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်***


လူသားတို့တွင်သူမတူအောင်စွမ်းဆောင်နိုင်တဲ့အရည်အချင်း
 ကိုယ်စီဖြင့်ရှိနေကြသည်။ထိုထဲမှ အရည်အချင်း ရှိပြီးယုံမက၊
အာဇာနည်ဟုပင် သတ်မှတ်နိုင်သူ ရှေးခေတ်က အမျိုးသမီးတစ်
 ယောက်အကြောင်းဝေမျှလိုက်ပါသည်။



 ***စာဆိုကျော် အနောက်နန်း မိဖုယားမြကလေး***

မွေးဖွားသည့်နှစ်။   သက္ကရာဇ် ၁၁ရ၁၊ သီတင်းကျွတ်လပြည့်ကျော်၂ရက်
အဖ  "မင်းပျံချီ" ဘွဲ့ခံမောင်ဦး  နှင့်  အမိ မယ်အိ တို့မှ ဖွားမြင်သည်။
   အဖ မှာ ဘိုးတော်မင်းတရားကြီးလက်ထက်က၊ မွန်လူမျိုးဖိုးထောရာ၏
သား သမိန်ထောရာဇာဘွဲ့ခံ ပုသိမ်မြို့ဝန်၏ယောက်ဖအရင်းေ၇ကင်းသား
ဇာတိမောင်ဦးဖြစ်သည်။  လှေတော်ပဲ့နင်းရာထူး ဖြင့်တာဝန်ထမ်းရင်း၊
ဟသာင်္တမြို့နယ်တ၀ိုက်မှ ခုံသမာဓိအရာ တင်မြောက်သည်ကို မင်းတရား
ကြီးကြားသိရာမှ  "မင်းပျံချီဘွဲ့" ချီးမြှောက်ခံခဲ့ရသည်။
    မမြကလေး၏ငယ်မည်မှာ မမြကြုတ်ဖြစ်သည်၊ ရုပ်ဆင်းရူပကာယနှင့်
အထူးပြည့်စုံသည်။ ဘကြီးတော်ဘုရားလက်ထက် တွင်   ညီတော်
သာယာဝတီမြို့စားမင်းသားသည် ပုသိမ်မြို့ကို စုန်ဆင်းရာ၌ မမြကြုတ်ကို
မြင်တွေ့ခဲ့ပြီး၊ ချစ်ခင်စုံမက်မိပြီးလျှင် သိမ်းပိုက်တော်မူလေသည်။
    အိမ်ရှေ့မိဘုရားအဖြစ် မြောက်အိမ်တော်တွင်ထားပြီးနောက် ၁၁၉၉
ခုနှစ်တွင် သာယာဝတီမင်းသားသည်၊ နောင်တော်၏အရိုက်အရာကိုခံယူ
သောအခါ  မမြကလေး ကို အနောက်နန်းမိဘုရား တင်မြှောက်၍ ၊
*သီရိမဟာသုရတနာစန္ဒာဒေ၀ီ* ဘွဲ့ပေးသနားတော်မူသည်။
   အနောက်နန်းမိဘုရားမဖြစ်မှီ၊ အိမ်ရှေ့မိဘုရားဘ၀တွင်၁၁၉၅ ခုနှစ်တွင်
စာဆိုလောကတွင် မယ်တော်ခြေရာနင်းမည့် သမီးတော်လိုင်ထိပ်ခေါင်တင်
ကိုဖွားမြင်ခဲ့သည်။
   မမြကလေး ငယ်စဉ်ကပင်၊ တေးကြီးဘွဲ့ကြီး၊ကဗျာလင်္ကာ၊ဧချင်း၊ ရတု၊ ရကန်
များကိုကြိုးစားအားထုတ်သင်ကြားလေ့လာခဲ့သောကြောင့် သီချင်းများကို
သံနေသံထားမှန်ကန်စွာဖြင့် စည်းဝါးကိုက် သီဆိုနိုင်သည်။ "ရှိစုံရွက်ကြာ"
ပတ်ပျိုး၊ " ပြာပြာညိုရောင်မိုင်းတလဲ့လဲ့"  ချီပတ်ပျိုး၊  "ဂန္တမာတောင်"
"လိုင်ချောင်ဂူနန်း" ချီပတ်ပျိုးများရေးသားဖွဲ့တော်ကာ မောင်တော်အားတမ်း
တနေဟန်ကို ကွင်းကွင်းကွက်ကွက်ပေါ်အောင် သီဆိုနိုင်သူဖြစ်သည်။
    အဖွဲ့အနွဲ့ များမှာလွန်စွာ နူးညံ့သိမ်မွေ့၍  ကြားရသူ နှင့် ဖတ်ရသူတို့မှာ
လွန်စွာ စိတ်နှလုံးထိခိုက်စေသည်၊ ဖွဲ့သမျှ စာ များမှာ မောင်တော် ရွှေဘို
မင်းသားကိုရည်စူးတမ်းတသည့်အဖွဲ့များက များလေသည်။ မောင်တော်
ကို ချစ်ခင်မြတ်နိုး လှလွန်း၍ေ၇ွှဘိုမင်း ပျင်းရိငြီးငွေ့သည့်အခါများ၌၊
ကိုယ်တိုင်တေးကဗျာများသီဆိုဖွဲ့နွဲ့ ဖြေဖျော်လေသည်။
    တခါသော် အနောက်နန်းမမြကလေးအား ရွှေဘိုမင်းတရားကြီးက
အမျက်တော်ရှ၍ အကျဉ်းချခံထားရစဉ် " ချစ်သမျှကို" ချီပတ်ပျိုး ရေး
သား ဆက်တော်သွင်းရာ ဘုရင်းမင်းမြတ်လည်း သနားတော်မူကာ၊
အကျဉ်းမှ လွှတ်လိုက်လေသည်။ လောကကြီးကိုငြီးငွေ့မိ၍ မမြကလေး
တောထွက်လိုသောစာစပ်၍လည်း သီဆိုညည်းတတ်သည်။
   မမြကလေး၏ ရူပါရုံလှပရုံမက သဒ္ဒါရုံပါ စွယ်စုံပြည့်ဝသူ တဦးဖြစ်၍
ရွှေဘိုမင်း၏ အချစ်မြတ်ဆုံးနှင့် နန်းတွင်းစာဆိုအဖြစ် ကျော်စောခြင်း
ကို  နန်းတွင်းမနာလိုသူများက မနာလိုရူ့စိမ့်ဖြစ်ကာ ကုန်းချောစကား
တို့ဖြစ် ကုန်းချောခြင်းကို ယုံတော်မူသွားသဖြင့် အမျိုးသမီးစာဆိုတော်
မမြကလေး မှာ အသက် ၃၆နှစ်တွင် အသတ်ခံခဲ့ရ၍ ကံတော်ကုန်ရရှာ
ပါသည်။ အသတ်ခံရမည့်ဆဲဆဲ အာဏာသားတို့အား "လောကဓံရှစ်ပါး"
ဘုရားပ ဟောရာ" ချီတေးထပ် ဖြစ်သီဆိုနိုင်ခဲ့၏
           ထိုသို့ သေအံ့မူးမူး၌စာစပ်ဆိုနိုင်ခြင်းကိုထောက်၍ မမြကလေး
သည် မည်မျှ တရားနှင့်ပြည့်ဝသူ၊ ရဲရင့်သောအမျိုးသမီးတဦးဖြစ်ကြောင်း
သိရှိနိုင်ပါသည်။
 က္ကန္ဒာဝုဓ နန်းတွင်းဇာတ်တော်ကြီးကို ရေးသားခဲ့သူဟုထင်မှတ်ထား

 သူလိုလူ အမျိုးသမီးသည် အာဇာနည်တယောက် မဟုတ်ပါလား?

No comments:

Post a Comment

Note: Only a member of this blog may post a comment.